Geely Coolray ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ပြသ

CDSG ၏ အဖွဲ့၀င်ကုမ္ပဏီဖြစ်သည့် Premier Automotive Ltd (PAL) သည် မြန်မာနိုင်ငံတွင် Geely အမှတ်တံဆိပ်၏ တရား၀င်တင်သွင်းဖြန့်ချိသူဖြစ်ပြီး Geely Coolray မော်ဒယ်ကို ပြည်တွင်း‌ဈေးကွက်၌ ပထမဆုံးမိတ်ဆက်သွားမည်ဖြစ်သည်။ Geely Coolray မော်ဒယ်ကို Dual-color ကိုယ်ထည်နှင့်အတူ Comfort ၊ Luxury နှင့် Sport စသည့် Trim Level သုံးမျိုးကို စျေးနှုန်း ကျပ် ၃၀၈ သိန်းမှ စတင်ကာ ရောင်းချသွားမည်ဖြစ်သည်။


Coolray သည် အဆင့်မြင့်နည်းပညာ၊ အလွန်ကောင်းမွန်သောစွမ်းဆောင်ရည်နှင့် နိုင်ငံတကာစျေးကွက်ကို အတွက်ဦးတည်ထုတ်လုပ်ထားသည့် Geely ၏ Update မော်ဒယ်ဖြစ်သည်။ Coolray သည် နိုင်ငံတကာဈေးကွက်တွင်လွန်စွာလူကြိုက်များခဲ့ပြီး ၂ နှစ်အတွင်း စုစုပေါင်းရောင်းအား ၂၇၀,၀၀၀ ကျော်ရောင်းချထားခဲ့ရသည်။ တရုတ်၊ ရုရှား၊ ဘီလာရုစ်၊ ဆော်ဒီအာရေဗျ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ကူဝိတ်၊ ကာတာ စသည့်နိုင်ငံတို့တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တစ်လလျှင်စီးရေ ၁၀,၀၀၀ ကျော် ပုံမှန်ရောင်းချရလျှက်ရှိပြီး ယင်းသည်မြန်မာနိုင်ငံစျေးကွက်၌လည်း အောင်မြင်မှုရရှိရန် ရည်ရွယ်ထားသည်။
နှစ်ပေါင်းများစွာဖွံ့ဖြိုးတိုးတက်မှု၏ ရလဒ်အနေဖြင့် COOLRAY သည် Geely ၏ B-segment Modular Architecture (BMA) ပလက်ဖောင်းကိုအသုံးပြုထားသည့် ပထမ ဦးဆုံးအဆင့်မြင့် SUV ကားဖြစ်ပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီသီးခြားဒီဇိုင်းထုတ်ထားသည့် မော်ဂျူးပုံစံအသစ်ဖြစ်သည်။ BMA ကို အခြေခံ ၍တည်ဆောက်ထားသော Coolray တွင် Powertrain၊ Sporty design နှင့် Smart functions များအပါအ၀င် နေရာများစွာတွင် ကွဲပြားစွာတွေ့မြင်နိုင်သည်။ ထို့အပြင် BMA ၏ ကျယ်ပြန့်သောနေရာလွတ်အသုံးချမှုနှုန်း သည် Pedal နှင့်ရှေ့ဘီးကြားရှိ အကွာအဝေးကိုလျော့နည်းစေသည်။ Wheelbase ကို တိုးတက်ကောင်းမွန် စေပြီး အတွင်းခန်းသည် အကျယ်ဆုံးနှင့်အဆင်ပြေစွာစီးနင်းအသုံးပြုနိုင်မည်ဖြစ်သည်။ CN95 filter ကိုတပ်ဆင်ထားခြင်းနှင့်အတူ Coolray ၏ကိုယ်ထည်တွင် ၇၀% High Strength Steel နှင့် ၂၀% Hot-formed Steel ပါဝင်ပြီး ၎င်းသည် အစိတ်အပိုင်းများအား ခိုင်မာစေပြီး လုံခြုံစေသည်။
BMA ကိုအသုံးပြုခြင်းအားဖြင့် Coolray သည် Geely နှင့် Volvo တို့ပူးပေါင်းတီထွင်ထားသော နောက်ဆုံးပေါ်နှင့် အဆင့်မြင့် Powertrains များကိုလိုက်လျောညီထွေ အသုံးပြုနိုင်သည်။ Coolray သည် စွမ်းဆောင်ရည်မြင့်မားသော 1.5TD အင်ဂျင်ကို အသုံးပြုထားပြီး 130kW ပါ၀ါနှင့် ရုန်းအား 255 N.m ကိုထုတ်ပေးနိုင်စွမ်းရှိသည်။ 0-100 ကီလိုမီတာကို အချိန် ၇.၉ စက္ကန့်အတွင်းအရှိန်မြှင့်တင်နိုင်သောအင်ဂျင်သည် ၄င်း၏ အမျိုးအစားတူကားများထဲတွင် ထိပ်တန်းစွမ်းဆောင်ရည်ကိုပိုင်ဆိုင်ထားပြီး Customer များအား Refined SUV ကားများနှင့်ပတ်သက်သည့် သဘောထားအမြင်အတွက် Coolray သည် စက်မှုလုပ်ငန်းစံ အသစ်တစ်ခု ဖြစ်သည်။
ထို့အပြင် Geely Coolray တွင် နည်းပညာပိုင်းဆိုင်ရာလုပ်ဆောင်ချက်များဖြစ်သည့် Automated Parking Assist (APA)၊ Blind Spot Detection (BSD)၊ ၃၆၀ ဒီဂရီကင်မရာ၊ Paddle shift ၊ မောင်းနှင်မှုပုံစံသုံးမျိုး (Normal, Eco and Sport)၊ , EPB နှင့် Auto Hold တို့ကိုတပ်ဆင်ထားသည်။ သက်သောင့်သက်သာရှိသော လျှပ်စစ်ဖြင့် အနေအထား ၆ မျိုးပြောင်းလဲနိုင်သည့်ထိုင်ခုံများနှင့် ချောမွေ့စွာမောင်းနှင်နိုင်ရေးအတွက် Shock Absorption စနစ်များကို အသုံးပြုထားသည်။


Coolray ၏ ထူးခြားသောအရည်အသွေးမှာ ပျော်ရွှင်ခြင်း ၊ ယုံကြည်စိတ်ချခြင်း၊ ဟန်ချက်ညီသော စွမ်းဆောင်ရည်နှင့်အတူ ဘေးကင်းလုံခြုံစေခြင်းဖြစ်သည်။ ဤအရာအလုံးစုံအသွင်အပြင်များ ကို “ အာကာသ နှင့် အချိန်ကိုဖြတ်သန်းခြင်း” ဟူသောအယူအဆကို ဒီဇိုင်းတွင်အကောင်အထည်ဖော်ထားသည်။ Geely Coolray ကို ရှန်ဟိုင်းအခြေစိုက် ငယ်ရွယ်ထင်ရှားသောနိုင်ငံတကာ ဒီဇိုင်းအဖွဲ့က ဦးဆောင်ပြီး ဒီဇိုင်းပြုလုပ် ထားသည်။ Geely Global ဒီဇိုင်းဌာန၏ Chief Designer ဖြစ်သူ Mr.Guy Burgoyne က “ Sport ဆန်ပြီး တက်ကြွတဲ့ မော်တော်ယာဥ်တွေကို လိုချင်တဲ့ ငယ်ရွယ်တဲ့ မျိုးဆက်သစ် Customer တွေအတွက် Coolray ကို ကျွန်တော်တို့တီထွင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ စံသတ်မှတ်ချက်နဲ့ မတူတဲ့အရာတစ်ခုခုကိုလုပ်ချင်ပြီး Premium လုပ်ဆောင်ချက်တွေကို Standard Option တစ်ခုအနေနဲ့ပြုလုပ်ဖို့အာရုံစိုက်ခဲ့ပါတယ်” ဟု မှတ်ချက်ပေးခဲ့သည်။
Coolray ၏ အတွင်းခန်းကို နည်းပညာများနှင့်ပြည့်နှက်နေသော ဂျက်လေယာဥ်အတွင်းခန်းကဲ့သို့ ဒီဇိုင်းဖန်တီးထားပြီး ကျယ်ပြန့်သောအမြင်အာရုံအတွေ့အကြုံကို ဖန်တီးပေးရန်အတွက် မျက်နှာပြင် ဘောင်ကွပ်ကို ဖန်သားပြင်မှ တံခါးဘောင်အထိကွေးညွှတ်စွာတည်ဆောက်ထားသည်။ ၇ လက်မ LCD Instrument Cluster ယာဥ်၏ အချက်အလက်အမျိုးမျိုးကို ကျယ်ပြန့်မြင်သာစွာပြသထားသည်။ ထို့အပြင် ထူးခြားသော 8: 3 ကြီးမားသောမျက်နှာပြင်အကျယ်ဒီဇိုင်းနဲ့အတူ ၁၀.၂၅ လက်မအရွယ် ရုပ်ထွက်အလွန် ကောင်းမွန်သည့် Floating Infotainment စနစ်လည်း ပါ၀င်သည်။ထို့အပြင် Panoramic Sunroof လည်းပါ၀င်ပြီး Sporty ဆန်သောအသွင်ဖြင့် လမ်းမများတွင် ပျော်ရွှင်သောမောင်းနှင်ခြင်းပုံရိပ်ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။
Geely Coolray သည် ၎င်း၏ Target စျေးကွက် အတွက်သင့်လျော်သောကားတစ်စီးဖြစ်သည်။ ကြိုတင်ရောင်းချခြင်းကို ဒီဇင်ဘာ ၁၂ ရက်နေ့တွင် Junction Square ၌ပြုလုပ်သွားမည်ဖြစ်ပြီး စမ်းသပ်မောင်းနှင်ခြင်းကိုလည်း တစ်ချိန်တည်းပြုလုပ်နိုင်မည်ဖြစ်သည်။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *