အစိုးရဝန်ထမ်းများအား ကားတင်သွင်းခွင့်နှင့် ဝယ်ယူခွင့်ဆိုင်ရာကိစ္စရပ်များကို မြန်မာနိုင်ငံဆိုင်ရာဥ ရောပကုန်သည်ကြီးများအသင်း (EuroCham Myanmar) နှင့် မြန်မာနိုင်ငံအော်တိုမိုးတစ်(ဖ)အသင်း (AAM) တို့မှဦးဆောင်ကန့်ကွက်

မကြာသေးမီက စီးပွားကူးသန်းမှကြေညာခဲ့သော အစိုးရဝန်ထမ်းများအား ကားတင်သွင်းခွင့်နှင့် ဝယ်ယူခွင့် ဆိုင်ရာကိစ္စရပ်များကို မြန်မာနိုင်ငံဆိုင်ရာဥ ရောပကုန်သည်ကြီးများအသင်း (EuroCham Myanmar) နှင့် မြန်မာနိုင်ငံအော်တိုမိုးတစ်(ဖ)အသင်း (AAM) တို့မှဦးဆောင်ကန့်ကွက်သော သတင်းစာရှင်း လင်းပွဲကို ပြုလုပ်ခဲ့သည်။ပြီးခဲ့သော ၂၀၂၀ နှစ်စကလည်း ပထမအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီးနောက် အစိုးရမှ အဆိုပါ ဝန်ထမ်းပါမစ်ချထားရေးကို ဆိုင်းငံ့ထားခဲ့သော်လည်း ယခုအခါတွင်မူ ပြန်လည်၍ချထားပေးရန်အ တည်ပြုခဲ့ သည်။ ထိုသို့ချထားပေးရန်ကြေညာချက်တွင်လည်း တိကျရှင်းလင်းသည့် အချက်များကြေညာခဲ့ခြင်းမရှိဟု ဆိုထားသည်။ထိုကြေညာချက်မှာ စီးပွားရေးဆိုင်ရာသက်ရောက်မှုများစွာရှိနိုင်ပြီး ပြည်တွင်းမှာ မော်တော် ယာဉ်တပ်ဆင်ထုတ်လုပ်မှုကို အားပေးမည်ဆိုသော မော်တော်ယာဉ်မူဝါဒနှင့် ဆန့်ကျင်နေပြီး တရားဝင်ကားသစ်တင်သွင်း၊ထုတ်လုပ်ရောင်းချနေသူများအတွက် ထိခိုက်နစ်နာမှုများရှိနေကြောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။ယခုကိစ္စှမှာ နိုင်ငံတော်ဝင်ငွေကို ထိခိုက်နစ်နာစေသလို အစီးရေ ၁၁၀၀၀ ခန့်တင်သွင်းခွင့်ပြုမည်ဆိုခြင်းမှာ လက်ရှိကားသစ်ရောင်းချရမှုနှုန်းအရကြည့်လျှင် ၃၀ % ခန့်ရှိမည်ဖြစ်၍ ကားသစ်ရောင်းဝယ်သူများကို ထိခိုက်စေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုလည်း အနုတ်လက္ခဏာဆောင်စေမည်ဟု ဆိုထားသည်။ထို့အပြင် ယခုထုတ်ပြန်ချက်မှာ တာဝန်ခံမှု၊တာဝန်ယူမှုမရှိသော ကားဟောင်းဈေးကွက်ကို အားပေးရာလည်းရောက်နေကြောင်း ဆိုခဲ့သည်။ ထို့ကြောင့် ယခုကြေညာချက်ကိုပြန်လည်သုံးသပ်ပေး ပါရန်နိုင်ငံတော်အတိုင်ပင်ခံအထိ စာတင်သွားမည်ဟုလည်း သိရသည်။Photo credit-Internet

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *