Best Mid Size SUV – Jetour X70

Gold AYA Motors ထုတ် Jetour X70 ဟာဆိုရင် မိသားစု ခုနှစ်ယောက်ထိစီးနိုင်တဲ့ ကျယ်ဝန်းတဲ့ SUV ဖြစ်တဲ့အပြင် ကောင်းမွန်တဲ့ features တွေပါဝင်လို့ ပြည်တွင်းရောက် တရုတ် Brand တွေထဲမှာ အကောင်းဆုံး…

Gold AYA Motors ထုတ် Jetour X70 ဟာဆိုရင် မိသားစု ခုနှစ်ယောက်ထိစီးနိုင်တဲ့ ကျယ်ဝန်းတဲ့ SUV ဖြစ်တဲ့အပြင် ကောင်းမွန်တဲ့ features တွေပါဝင်လို့ ပြည်တွင်းရောက် တရုတ် Brand တွေထဲမှာ အကောင်းဆုံး Mid Size SUV တစ်စီးအဖြစ်သတ်မှတ်လိုက်ရတာဖြစ်ပါတယ်။ ဒီကားကို ခြုံငုံသုံးသပ်ရရင်တော့ ရုပ်ထွက်ပိုင်းတင့်တယ်တယ်၊ ကျယ်ဝန်းတဲ့ အတွင်းခန်းမျိုးပိုင်ဆိုင်ထားတယ်၊ user အတွက်လိုအပ်မယ့် features တွေထည့်သွင်းပေးထားတယ်။ Safety features တွေစုံလင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ဒီကားကို အရင်က ၅ ယောက်စီး၊အခု ၇ ယောက်စီးအဖြစ်ထပ်မံထုတ်လုပ်လိုက်လို့ 1,590 Kg (ကီလိုဂရမ်) အထိဝင်ဆံ့သွားမှာဖြစ်ပါတယ်။ နောက်ပြီး ဒုတိယတန်းထိုင်ခုံတွေကို Adjust လုပ်နိုင်တာကလည်း Jetour X70 ခုနှစ်ယောက်စီးကားရဲ့ အားသာချက်လို့ဆိုနိုင်ပါတယ်။ ဒီကားမှာ နောက်ဖုံးကို လက်နဲ့ကိုင်ဖွင့်စရာမလိုအောင် kit sensor တပ်ဆင်ပေးထားတယ်။ ဒါ့အပြင် ယခင်ထက်ပိုကြီးသွားစေမယ့် လက်မ ၂၀ Wheel hubs တွေတပ်ဆင်ပေးထားပါတယ်။ နောက်ပြီး sunroof လို SUV တစ်စီးအတွက်ပါဝင်သင့်တဲ့ features တွေလည်းထည့်သွင်းပေးထားပါသေးတယ်။ ဒီကားရဲ့အတွင်းခန်းမှာ ဆိုရင်လည်း စုံလင်တဲ့ features ထည့်သွင်းပေးထားလို့ ပေးရတဲ့ဈေးနဲ့တန်တဲ့ ကားတစ်စီးဖြစ်တာကြောင့် အကောင်းဆုံးစာရင်းမှာ ထည့်သွင်းပေးလိုက်ရတာဖြစ်ပါတယ်။ Engine Power – 1.5 L Turbo Petrol Maximum Power – 146.88 Ps Maximum Torque – 210 N.m Transmission – 8 Speed A/T Price – ကျပ် ၃၈၇ သိန်း Gold AYA Motors International Group

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *