Jaguar Myanmar ရဲ့ တန်ဆောင်တိုင် Stock Clean-out Promotion

ယခု promotion ဟာ Stock promotion ဖြစ်တဲ့အတွက် Pre-order လို အချိန်စောင့်စရာမလိုပဲ ဝယ်ယူ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ကား model တွေအနေနဲ့လဲ Jaguar ရဲ့ 2017 မှ 2019 Model အထိထွက်ရှိထားသော instock ကားများအားလုံး ပါဝင်မှာဖြစ်ပြီး ဈေးနှုန်းကိုလည်း နဂိုမူလဈေးအောက် USD 10,000 မှ 50,000 ကျော်အထိအမျိုးအစားအလိုက် လျှော့ချပြီး အထူးပရိုမိုးရှင်း ဈေးများဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် AYA Bank နှင့်ချိတ်ဆက်ပြီး 20 % downpayment ဖြင့် ၁ နှစ် မှ ၅ နှစ် အထိလည်း အရစ်ကျ ဝယ်ယူနိုင်ပါတယ်။ ရောင်းချပေးသွားမည့် ကားများ ကတော့ Jaguar XE ၊ Jaguar XF ၊ Jaguar XJ ၊Jaguar E-Pace ကားများပါဝင်မှာဖြစ်ပြီး promotion ကာလကိုလည်းလာမည့် နိုဝင်ဘာလ (၁) ရက်နေ့မှ နိုဝင်ဘာလ (၃၀) ရက်နေ့ထိကန့်သတ်ထားပါတယ်။ In stock ကားများဖြစ်သည့်အတွက်အစီးရေ အကန့်အသတ် ရှိသောကြောင့် Jaguar Myanmar Showroom
No. 3 Insein Road, Ward 12, Hlaing Township
Yangon သို့ အမြန်ဆုံးလာရောက် လေ့လာ ဝယ်ယူဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Jaguar Myanmar မှ တင်သွင်းရောင်းချ နေသော မည်သည့် ကားအမျိုးအစား ကို မဆိုနဂိုမူလ 3 Years Factory Warranty Service ကိုပေးထားသည့်အပြင် Customer များကို ကျေးဇူးတုန့်ပြန်သောအားဖြင့် 5 Years Free Services ပါ ထပ်ပေါင်းပေးအပ်သွားမှာလည်း ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက ဖုန်းနံပါတ် 01 966 9036 နှင့် jlrsales@capitalautomotive.net သို့ Facebook Inbox မှတဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *