ဒီဇိုင်းအသစ်၊တည်ဆောက်မှုအသစ်ဖြင့် ဖန်တီးထုတ်လုပ်လိုက်တဲ့ Ford ရဲ့SUV မျိုးဆက်သစ် The All-new Ford Territory (Trend) 2020

ဈေးနှုန်း – ကန်ဒေါ်လာ 32,900

Ford design team ရဲ့ဖန်တီးမှုအသစ်တစ်ရပ်အနေနဲ့ ထုတ်လုပ်တည်ဆောက်လိုက်တဲ့ The All-new Ford Territory က ဒီဇိုင်းအသစ်၊တည်ဆောက်မှုအသစ်နဲ့ထွက်ရှိလာတာဖြစ်ပြီး လက်ရှိပြည်တွင်းဈေးကွက်ထဲကို Trim Level ၂ မျိုးနဲ့ဝင်ရောက်လာတာဖြစ်ပါတယ်။ အခုမိတ်ဆက်ပေးဖော်ပြပေးမှာကတော့ Ford Territory (Trend) အကြောင်းပဲဖြစ်ပါတယ်။ Ford Territory ကို ၂၀၁၈ ခုနှစ်မှာစတင် ထုတ်လုပ်ခဲ့တာဖြစ်ပြီး compact crossover SUV ၅ ယောက်စီးမော်ဒယ်ဖြစ်ပါတယ်။ဒီဇိုင်းပိုင်းနဲ့အပြင်ဘက်ဒီကားက Ford DNA ရဲ့နောက်ထပ်စွမ်းဆောင်မှုတစ်ခုဖြစ်ပြီး ဒီဇိုင်း၊အရည်အသွေးနဲ့ အသုံးပြုနိုင်မှုတွေမှာ အကောင်းဆုံးကားတစ်စီးဖြစ်တယ်လို့ သိရပါတယ်။ The All-new Ford Territory က သူ့နောင်တော်ကြီးတွေရဲ့ ဒီဇိုင်းမူတွေအတိုင်းလိုက်နာထုတ်လုပ်ထားပါတယ်။ သူ့ရဲ့ဒီဇိုင်းပိုင်းက Urban SUV တစ်စီးအသွင်ဖြစ်ပြီး လမ်းပေါ်မှာထင်ထင်ရှားရှားတွေ့မြင်ရပါလိမ့်မယ်။ Ford Territory (Trend) မှာ Ford ရဲ့ signature grille နဲ့အတူ LED headlamps ၊ LED daytime running lamps ၊ Chrome နဲ့အလှဆင်ထားတဲ့ LED tail lamps ၊ auto on/off headlamps with follow-me-home feature (မျက်နှာချင်း ဆိုင်ကားနှင့်နီးလျှင် အလိုအလျောက်အဖွင့်/အပိတ်လုပ်ပေးသည့် ရှေ့မီးကြီးစနစ်) ၊ ရှေ့နောက်နှင်းခွဲမီးများ၊ panoramic moonroof ၊ အနောက် spoiler နဲ့ roof rails တွေပါဝင်ပါတယ်။ Trend မှတော့ ၁၇ လက်မအလွိုင်းဘီးတွေကိုသာ သုံးထားပါတယ်။ အတွင်းခန်းFord Territory ရဲ့ အတွင်းခန်းမှာ Manual ချိန်ညှိနိုင်တဲ့ perforated leather ထိုင်ခုံတွေ၊ leather steering wheel နဲ့ dual-lid အဖုံးပါတဲ့ leather အုပ်ထားတဲ့ Centre console ပါဝင်ပါတယ်။ ဒါ့အပြင် cup and bottle holder (ခွက်ထည့်စရာနေရာ) ၇ ခုအထိပါရှိပြီး USB charging port နဲ့ 12-volt power supply တို့အပြင် steering wheel mounted controls ( steering controls) ၊ power door lock with central locking ၊ auto-dimming feature ပါသော အလယ်နောက်ကြည့်မှန်တို့ပါရှိပါတယ်။ Instrument Cluster က 3.5 လက်မ LCD Display ဖြစ်ပြီး Auto dimming Rear view mirror ပါရှိပါတယ်။ Infotainment အတွက် ၁၀လက်မ touchscreen၊ Apple CarPlay® နဲ့ Android Auto®၊ USB ၄ ပေါက်အပြင် speakers (၆ လုံး) ပါဝင်ပါတယ်။ အဲကွန်းကလည်း Automatic ဖြစ်ပြီး နောက်ဘက်ခန်းအတွက်လည်း Air Vent ပါရှိပါတယ်။ အင်ဂျင်နဲ့ စွမ်းဆောင်ရည် The All-new Ford Territory မှာ ဆီစားနှုန်းသက်သာပြီး ပြန်လည်ဖန်တီးထားတဲ့ 1.5-litre EcoBoost engine ကိုသုံးထားကာ CVT transmission နှင့်တွဲဖက်ပေးထားပါတယ်။ စွမ်းအင်အနေနဲ့ 143PS နဲ့ 225NM of torque ထုတ်လွှတ်ပေးနိုင်စွမ်းရှိပြီး Suspension အနေနဲ့ ရှေ့ကို Mcpherson နဲ့ နောက်က Multi-link Independent တွေကိုသုံးထားလို့ ငြိမ့်ညောင်းမှုကို ရရှိစေနိုင်မှာဖြစ်ပါတယ်။ မြေပြင်ကင်းလွတ်ပမာဏက 180 mm (၇ လက်မ) လောက်မြင့်ပါတယ်။ နည်းပညာနဲ့လုံခြုံရေး The All-new Ford Territory မှာ driver-assist technologies တွေဖြစ်တဲ့ Electronic Stability Control၊ ABS၊ EBD နှင့် Traction Control၊ Hill Launch Assist၊ ၊ Tyre Pressure Monitoring System ၊ Stop Lamp ၊ Cruise Control ၊ လေအိတ် ၆ လုံး၊နောက်ဘက်ဆင်ဆာ၊ နောက်ကြည့်ကင်မရာနဲ့ Child Seat ISOFIX တို့ပါဝင်ပါတယ်။ ဒါ့အပြင် Ford Territory ကို Melbourne ရှိ Geelong Proving Grounds နဲ့ Nanjing, China မှာရှိတဲ့ Ford ပညာရှင်တွေရဲ့ စမ်းသပ်စစ်ဆေးမှုအရ တောင့်တင်းတဲ့ တည်ဆောက်မှု၊ အရည်အသွေးစံနှုန်းကို ရရှိစေတဲ့အပြင် ချောမွေ့စွာမောင်းနှင်နိုင်ပြီး သက်သောင့်သက်သာစီးနင်းနိုင်တဲ့အပြင် ထိန်းချုပ်မောင်းနှင်မှုအပိုင်း၊ ပြင်ပဆူညံသံ၊တုန်ခါမှုနဲ့ harshness အပိုင်းတွေမှာ အရမ်းကိုကောင်းမွန်စေပါတယ်။အရောင်နဲ့ဈေးနှုန်းThe All-new Ford Territory (Trend) မှာ အနီ၊ငွေရောင်၊အနက်နဲ့ အဖြူဆိုပြီး အရောင် ၄ ရောင်ရနိုင်ပြီး ဈေးကတော့ ကန်ဒေါ်လာ 32,900 ကျသင့်မှာဖြစ်ပါတယ်။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *