Best Crossover SUV – MG HS

MG HS ကပြည်တွင်းဈေးကွက်နဲ့ အတန်ငယ်စိမ်းနေသေးပေမယ့် ဒီကားရဲ့ Performance ပိုင်းနဲ့ ပါဝင်တဲ့ နည်းပညာကောင်းတွေကြောင့် အကောင်းဆုံး Crossover SUV တစ်စီးအဖြစ်ရွေးချယ်လိုက်ရခြင်းဖြစ်ပါတယ်။ MG HS က Sporty SUV တစ်စီးအဖြစ်ဖန်တီးတည်ဆောက်ထားတဲ့ ကားတစ်စီးဖြစ်ပြီး…

MG HS ကပြည်တွင်းဈေးကွက်နဲ့ အတန်ငယ်စိမ်းနေသေးပေမယ့် ဒီကားရဲ့ Performance ပိုင်းနဲ့ ပါဝင်တဲ့ နည်းပညာကောင်းတွေကြောင့် အကောင်းဆုံး Crossover SUV တစ်စီးအဖြစ်ရွေးချယ်လိုက်ရခြင်းဖြစ်ပါတယ်။ MG HS က Sporty SUV တစ်စီးအဖြစ်ဖန်တီးတည်ဆောက်ထားတဲ့ ကားတစ်စီးဖြစ်ပြီး EURO NCAP 2019 မှာ 5 Stars ရရှိခဲ့သလို Middle East car of the year နဲ့ အခြားဆုတွေကို ပိုင်ဆိုင်ထားတဲ့ကားတစ်စီးဖြစ်ပါတယ်။ MG HS ရဲ့ရုပ်သွင်က လူတိုင်းလှည့်ကြည့်ရလောက်တဲ့ ခန့်ညားလှပမှုကိုပိုင်ဆိုင်ထားသလို LED တွေသုံးထားပြီး ထူထဲကျစ်လျစ်တဲ့ ဘော်ဒီတည်ဆောက်ပုံက Aerodynamic လည်းဖြစ်တာကြောင့် ဟိုင်းဝေးသွားဖို့အ တွက်လည်း အဆင့်သင့်အနေအထားပါပဲ။ ဒါ့အပြင် HS ရဲ့အတွင်းခန်းမှာလည်း Sporty ဖြစ်အောင်သာမကဘဲ Luxury ဖြစ်အောင်ပါ သုံးထားတဲ့အရောင်၊ Material ကအစဂရုတစိုက်လုပ်ဆောင်ထားတာကိုတွေ့ရပါတယ်။ နောက်ပြီး Apple Car Play , Android Auto စနစ်တွေသုံးနိုင်တဲ့ 10.1 လက်မရှိတဲ့ Infotainment Touch Screen အပါအဝင် ဂျာမနီထုတ် Premium Bader Leather seat တွေအပြင် ဇိမ်ခံကားကောင်းတစ်စီးမှာပါဝင်လေ့ရှိတဲ့ Ambient Light, Panoramic Sunroof စတဲ့ကောင်းပေ့ဆိုတဲ့အရာတွေကို ထည့်သွင်းပေးထားပါတယ်။ Sporty ပရိသတ်တွေအတွက် ဒီကားမှာ ပါဝင်မှုကိုပြပါဆိုရင် အမြင့်ဆုံး Horse Power 220 အထိ ထွက်ရှိနိုင်မယ့် Super Sport Mode မောင်းနှင်ရခြင်းဖီလင်ပါပဲ။ ဒီလို ပြောင်းလဲမောင်းနှင်မှုက ပြိုင်ကားတစ်စီးမောင်းရတဲ့ အရသာမျိုးကို ဖန်တီးပေးနိုင်ပြီး Sporty ဆန်တဲ့စတီယာရင်ထိန်းချုပ်မှုကိုပါ အပြည့်အဝခံစားနိုင်ပါလိမ့်မယ်။ ဒါ့အပြင် HS မှာလေအိတ် ၆ လုံးအပါအဝင် များပြားလှတဲ့ နည်းပညာမြင့် Safety စနစ်တွေနဲ့ features တွေကို အကုန်ထည့်သွင်းပေးထားလို့ အခုလို အကောင်းဆုံး Crossover SUV အဖြစ်ရွေးချယ်လိုက်ရခြင်းဖြစ်ပါတယ်။ Engine Power – 2.0 L Turbo Petrol Maximum Power – 228 HP Maximum Torque – 360 N.m Transmission – 6 Speed A/T Price – USD 45990

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *