၂၀၂၀ နှစ်ဝက်အတွက် ကမ္ဘာ့အရောင်းရဆုံးကားများစာရင်းတွင် Toyota Corolla ထိပ်ဆုံးမှ ဦးဆောင်

မော်တော်ကားနှင့် ပတ်သက်သောအချက်အလက်များကို ဖော်ပြပေးနေသည့် focus2move ၏ ထုတ်ပြန် ချက်အရ ၂၀၂၀ နှစ်ဝက်အတွက် ကမ္ဘာ့အရောင်းရဆုံးကားများစာရင်းတွင် Toyota Corolla ကသာထိပ်ဆုံးမှ ဦးဆောင်နေပြီး ယခင်နှစ်ကထက် ရောင်းအား 15.4% ကျဆင်းသွားသော်လည်း 502949 စီးရောင်းချခဲ့ရပြီး ထိပ်ဆုံးနေရာမှ ဦးဆောင်လျက်ရှိနေသည်။ ၂၀၂၀ မကုန်ဆုံးသေးသော်လည်း လက်ရှိ Covid 19 ပြဿနာ ကြောင့် မော်တော်ကားရောင်းအားမှာ များစွာတိုးတက်လာနိုင်ခြေမရှိဘဲ ယခုစာရင်းတွင်ပါရှိကားများသာ နှစ်ကုန်အထိဦးဆောင်နိုင်ဖွယ်ရှိနေသည်။ဒုတိယနေရာတွင် 434791 စီးဖြင့် Ford F-series ၊ နံပါတ ် ၃ တွင် 425800 စီးဖြင့် Toyota Rav4 ၊ နံပါတ ် ၄ တွင် 305803 စီးဖြင့် Honda Civic ၊ နံပါတ ် ၅ တွင် 294263 စီးဖြင့် Chevrolet Silverado ၊ နံပါတ ် ၆ တွင် 292193 စီးဖြင့် Honda CR-V ၊ နံပါတ ် ၇ တွင် 283672 စီးဖြင့် Ram pick-up ၊ နံပါတ ် ၈ တွင် 275360 စီးဖြင့် Toyota Camry ၊ နံပါတ ် ၉ တွင် 261874 စီးဖြင့် Volkswagen Tiguan ၊ နံပါတ ် ၁၀ တွင် 215084 စီးဖြင့် Volkswagen Golf တို့မှ အသီးသီးရပ်တည်နေကြသည်။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *