Best Compact SUV – Brilliance V3

အကောင်းဆုံး Best Compact SUV နေရာအတွက် ရွေးချယ်လိုက်တာကတော့ လက်ရှိတရုတ်နိုင်ငံထုတ် Top Ten ကား Brand တွေထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ Brilliance Auto ထုတ် V3 Compact SUV ဖြစ်ပါတယ်။ နည်းပညာမြင့်မားတဲ့…

အကောင်းဆုံး Best Compact SUV နေရာအတွက် ရွေးချယ်လိုက်တာကတော့ လက်ရှိတရုတ်နိုင်ငံထုတ် Top Ten ကား Brand တွေထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ Brilliance Auto ထုတ် V3 Compact SUV ဖြစ်ပါတယ်။ နည်းပညာမြင့်မားတဲ့ ထိပ်သီးကားကုမ္ပဏီ BMW နဲ့ပူးပေါင်းလုပ်ကိုင်နေတာမို့ ဒီကားမှာလည်း BMW ရဲ့အငွေ့အသက်တွေမကင်းဘူးလို့ဆိုတာ ကြီးမားတဲ့ ရှေ့ Grille တွေကိုကြည့်ရင်သိနိုင်ပါတယ်။ ရှေ့မီးတွေ၊ဘီးဒီဇိုင်းတွေနဲ့ နောက်ဘက်ဒီဇိုင်းတွေက လိုက်ဖက်ညီတဲ့ အတွဲအဖက်မျိုးကို တွေ့မြင်ရစေမှာပါ။ ဒါကြောင့် ဒီကားရဲ့ဖွဲ့စည်းပုံက ကျစ်လျစ်တယ်၊မာကျောတယ်၊ပြီးတော့ လှပတယ်။ မြင်လိုက်တာနဲ့ ထင်းကနဲ ပေါ်လွင်ထင်ရှားနေတဲ့ ကားမျိုးဖြစ်ပါတယ်။ အတွင်းခန်းမှာဆိုလည်း နည်းပညာကောင်းမွန်ပြီး ထင်ထင်ရှားရှားကြီးကိုဖြစ်နေတဲ့ 10.4 လက်မ အထိရှိတဲ့ infotainment Touch Screen ပါပဲ။ အဲဒီအပြင် 360° ကင်မရာ တပ်ဆင်ပေးထားတာကလည်း သူ့တန်ကြေးနဲ့ မလိုက်အောင်ပါပဲ။ Sporty ဆန်တဲ့ လည်သာထိုင်ခုံဒီဇိုင်း၊စတီယာရင်ပုံစံနဲ့ Gear knob တွေရဲ့ဒီဇိုင်းတွေ၊အသုံးပြုသူတွေလိုအပ်မယ့် features တွေစုံအောင်ထည့်ပေးထားတယ်။ နောက်ပြီး V3 မှာအသုံးပြုထားတဲ့ အင်ဂျင်က BMW နည်းပညာနဲ့ပေါင်းစပ်ထားတဲ့ 1.5-litre ဓါတ်ဆီအင်ဂျင်ဖြစ်ပြီး 5-speed automatic Hyundai power tech gearbox နဲ့ဖြစ်တဲ့အပြင် safety ပိုင်းမှာလည်း ပါသင့်ပါထိုက်တဲ့ features တွေကိုထည့်သွင်းပေးထားလို့ နေ့စဉ်အသုံးပြုသူတွေအတွက် အဆင်ပြေစေမယ့် ကားမျိုးဖြစ်ပါတယ်။ Engine Power – 1.5 L Petrol Maximum Power – 110hp Maximum Torque – 145Nm Transmission – 5 Speed A/T Price – ကျပ် ၂၇၈ သိန်း Myanmar Brilliance Auto

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *