ကမ္ဘာ့ကားဈေးကွက်တွင် ကားဈေးအနည်းဆုံးနိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်ပြီး လူစီးကားသစ်တစ်စီးပိုင်ဆိုင်ရန် ကျပ် သိန်း ၁၀၀ သာလိုအပ်

Global car index ၏ဖော်ပြချက်အရ ကမ္ဘာပေါ်တွင် ပျှမ်းမျှအားဖြင့် ကားဈေးအနည်းဆုံးနိုင်ငံမှာ သြစတြေး လျနိုင်ငံဖြစ်နေကြောင်း သိရသည်။ ထိုသို့တွက်ချက်ရာတွင် ကားသစ်များကို အခွန်ပါကားဈေး၊ကားဆီဖိုး၊ အာမခံနှုန်းထား ၊ပြင်ဆင်စရိတ်စသည်တို့ကို တစ်နှစ်စာတွက်ချက်ပြီး Segment အလိုက် ပျှမ်းမျှ ဖော်ပြ ထားခြင်းဖြစ်သည်။ City car (ဥပမာ Daihatsu Mira, Suzuki Alto) များတွင်မူ အိန္ဒိယမှာ ဈေးအပေါဆုံးဖြစ်ပြီး ပျှမ်းမျှတစ်စီး ပေါင် ၅၉၄၉ (မြန်မာငွေ သိန်း ၁၀၀ နီးပါးသာကျသင့်မည်ဖြစ်သည်။ Small car (ဥပမာ Suzuki Swift,Honda Fit) များတွင်လည်းအိန္ဒိယမှာ ဈေးအပေါဆုံးဖြစ်ပြီး ပျှမ်းမျှတစ်စီး ပေါင် ၆၁၄၈ (မြန်မာငွေ သိန်း ၁၀၀ ကျော်သာကျသင့်မည်ဖြစ်သည်။ Large Family Car (ဥပမာ Chevrolet Malibu , Kia Optima) များတွင် ဂရိနိုင်ငံမှာ ဈေးပေါဆုံးဖြစ်ပြီး ပျှမ်းမျှတစ်စီး ပေါင်၁၄၄၄၅ (မြန်မာငွေ သိန်း ၂၄၀ ကျော်သာကျသင့်မည်ဖြစ်သည်။ SUV Car (ဥပမာ Toyota Rush, Hyundai Creta) များတွင် ဂရိနိုင်ငံမှာ ဈေးပေါဆုံးဖြစ်ပြီး ပျှမ်းမျှတစ်စီး ပေါင်၁၆၁၄၁ (မြန်မာငွေ သိန်း ၂၇၀ ကျော်သာကျသင့်မည်ဖြစ်သည်။ Luxury Car (ဥပမာ BMW X 5, Mercedes-Benz E Class) များတွင် မက္ကဆီကိုနိုင်ငံမှာ ဈေးပေါဆုံးဖြစ်ပြီး ပျှမ်းမျှတစ်စီး ပေါင်၁၆၁၄၁ (မြန်မာငွေ သိန်း ၅၀၀ နီးပါးသာကျသင့်မည်ဖြစ်သည်။ Sport Car (ဥပမာ Porsche 911, Dodge Charger) များတွင် ကနေဒါနိုင်ငံမှာ ဈေးပေါဆုံးဖြစ်ပြီး ပျှမ်းမျှတစ်စီး ပေါင် ၆၀၁၉၆ (မြန်မာငွေ သိန်း ၁၀၀၀ နီးပါးသာကျသင့်မည်ဖြစ်သည်။ ကားဈေးအနည်းဆုံးနိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံမှာ Segment အလိုက်တွင် ဈေးအနည်းဆုံးစာရင်းတွင် မပါဝင်သော်လည်း ၎င်းတို့နိုင်ငံအတွင်းရောင်းချသော ကားသစ်များမှာ ပျှမ်းမျှအားဖြင့် ဈေးအနည်းဆုံးများဖြစ်နေခြင်းကြောင့် ထိပ်ဆုံးတွင်ရပ်တည်နေခြင်းဖြစ်သည်။

Source: global-car-index

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *