Best Small SUV – Ford Eco Sport

City SUV ၊ တစ်နည်းအားဖြင့် Small SUV အဖြစ်ထုတ်ထားတဲ့ Ford Eco Sport ကို နေရာမရွေးဝင်/ ထွက်နိုင်ဖို့အတွက် ပေါ့ပါးမှုရှိတဲ့ ဒီဇိုင်းနဲ့ ဖန်တီးထားသလို ဆီစားနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ အင်ဂျင်လည်းပါရှိပါတယ်။ Ford…

City SUV ၊ တစ်နည်းအားဖြင့် Small SUV အဖြစ်ထုတ်ထားတဲ့ Ford Eco Sport ကို နေရာမရွေးဝင်/ ထွက်နိုင်ဖို့အတွက် ပေါ့ပါးမှုရှိတဲ့ ဒီဇိုင်းနဲ့ ဖန်တီးထားသလို ဆီစားနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ အင်ဂျင်လည်းပါရှိပါတယ်။ Ford Eco Sport အသစ်ကို ပုံစံသစ် Grille နဲ့အတူ LED DTL စနစ်ပါတဲ့ အရှေ့မီးကြီးဒီဇိုင်း၊ ပြေပြစ်တဲ့ Body Shape နဲ့ဖန်တီးတည်ဆောက်ထားလို့ တွေ့လိုက်တာနဲ့ ထင်းကနဲပေါ်လွင်စေမယ့် ကားမျိုးပါ။ New Eco Sport မှာ သပ်ရပ်လှပစွာ ခင်းကျင်းထားတဲ့ အတွင်းခန်းမျိုးပါရှိပြီး အရွယ်ရောက်သူ (၅)ဦး အဆင်ပြေစွာ လိုက်ပါစီးနင်းနိုင်ပါလိမ့်မယ်။ အတွင်းခန်းမှာလည်း Steering ၊ Center Control နဲ့ လည်သာသုံးထိုင်ခုံတွေကို ကျကျနန ခင်းကျင်းထားပြီး အမိုက်စားဖန်တီးမှုများပါတဲ့ Smart Technology ကိုအသုံးပြုထားလို့ ၈ လက်မ ပတ်လည်ရှိ Touch Screen က တွေ့ထိရတာကောင်းသလို Apple Car Play Android Auto တွေတောင် ချိတ်ဆက်သုံးနိုင်ပါသေးတယ်။ အဓိက New Eco Sport ရဲ့အားသာချက်က 92 kw ထွက်မယ့်အပြင် ဆီစားနှုန်းအရမ်းသက်သာမယ့် (1.0 L Eco Boost Engine) ကိုသုံးထားခြင်းပါပဲ။ နိုင်ငံတကာ အင်ဂျင်ဆုရထားတဲ့ ဒီကားက အရွယ်သေးငယ်ပြီး ကျစ်လစ်တဲ့ အင်ဂျင်ဖြစ်ပေမယ့် ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ကိုရရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့် အကောင်းဆုံးစာရင်းမှာပါဝင်လာရခြင်းဖြစ်ပါတယ်။ Engine Power – 1.0 L Petrol Eco Boost Engine Maximum Power – 123 HP Maximum Torque – 170 Nm Transmission – 6 Speed A/T Price – USD 28900

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *