၂၀၂၀ အတွက် ကမ္ဘာ့လုံခြုံစိတ်ချရမှုအရှိဆုံး ကားဘရန်းများ

ယနေ့ခေတ်ကားလောကမှာ လုံခြုံစိတ်ချရမှုအရှိဆုံးကလည်း အရေးကြီးတဲ့နေရာကနေပါဝင်ပါeတယ်။ Safety မဖြစ်တဲ့ကားတစ်စီးကို စီးနင်းနေတာဟာ အရဲစွန့်ရာရောက်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုလျော့နည်းစေပါတယ်။ ဒါကြောင့် လက်ရှိကားဈေးကွက်မှာလည်း ကားကုမ္ပဏီတွေဟာ သူ့ထက်ငါအပြိုင်အဆိုင်ဆိုသလို safety features တွေကိုထည့်သွင်းပြီး စီးနင်းမောင်းနှင်သူတွေကို ကာကွယ်ပေးနိုင်ဖို့ကြိုးစားနေကြပါတယ်။ ဒါကြောင့် ကားသစ်တွေရဲ့ Safety ကို လက်တွေ့စစ်ဆေးပြီး ဖော်ပြပေးနေတာကတော့ အမေရိ ကန်မှာရှိတဲ့ Insurance Institute for Highway Safety (IIHS) အဖွဲ့ကြီးဖြစ်ပါတယ်။ ဒီအဖွဲ့ကနေပြီးတော့ Top Safety Pick+ ရရှိတဲ့ ထိပ်တန်းကားတွေကို ကြေညာလေ့ရှိပါတယ်။ ဒါကြောင့် ၂၀၂၀ မှာလည်း ဘယ်ကားဘရန်းတွေက လုံခြုံစိတ်ချ ရမှုအရှိဆုံးလဲဆိုတာကို တစ်ချက်လောက်ကြည့်ရအောင်ပါနော်။ ဒီလိုစစ်ဆေးရာမှာ lane keep assist, collision mitigation braking, adaptive cruise control, road departure mitigation, traffic sign recognition စတဲ့ features တွေသာမကဘဲ crash test (ကားကို အမှန်တကယ်တိုက်စေပြီး ထိခိုက်မှုဘယ်လောက်ရှိနိုင်သလဲဆို သည်ကို တွက်ချက်ခြင်း) တွေပါပြုလုပ်ပြီး စစ်ဆေးခြင်းဖြစ်သည်။ကမ္ဘာ့လုံခြုံစိတ်ချရမှုအရှိဆုံး ကားဘရန်းများ1- Genesis (ပျှမ်းမျှ Safety ရမှတ် : 10/10)2- Volvo (ပျှမ်းမျှ Safety ရမှတ် : 9.90/10)3- Tesla (ပျှမ်းမျှ Safety ရမှတ် : 9.80/10)4- Mazda (ပျှမ်းမျှ Safety ရမှတ် : 9.78/10)5- Mercedes-Benz (ပျှမ်းမျှ Safety ရမှတ် : 9.78/10)6- Subaru (ပျှမ်းမျှ Safety ရမှတ် : 9.69/10)7- Lincoln (ပျှမ်းမျှ Safety ရမှတ် : 9.65/10)8- Acura (ပျှမ်းမျှ Safety ရမှတ် : 9.64/10)9- Hyundai (ပျှမ်းမျှ Safety ရမှတ် : 9.63/10)10- Audi (ပျှမ်းမျှ Safety ရမှတ် : 9.56/10)11- BMW (ပျှမ်းမျှ Safety ရမှတ် : 9.53/10)12- KIA (ပျှမ်းမျှ Safety ရမှတ် : 9.51/10)13- Alfa Romeo (ပျှမ်းမျှ Safety ရမှတ် : 9.50/10)14- Honda (ပျှမ်းမျှ Safety ရမှတ် : 9.48/10)

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *