ယခင်ထက်ပိုမိုကောင်းမွန်သော ဒီဇိုင်း၊ ပါဝင်မှုအသစ်များဖြင့် ထုတ်လုပ်လိုက်သော All New Attrage ကို Mitsubishi Motors Myanmar မှ Pre-order စနစ်ဖြင့် စတင်ရောင်းချ

နောက်ဆုံးပေါ် Dynamic Shield Design ဖြင့်ထုတ်လုပ်လိုက်သော ငါးယောက်စီး Sedan All New Attrage Mitsubishi Motors Myanmar မှ All New Attrage ကို Pre-order စနစ်ဖြင့် စတင်ရောင်းချပေးနေကြောင်း သိရသည်။ အဆိုပါ All New Attrage တွင် 57 Kw ထွက်ရှိသော 1.2 L 12-Valve 3 Cylinder DOHC MIVEC Engine ကိုအသုံးပြုထားပြီး INVECS-III CVT Transmission အသုံးပြုထားသည်။ ယခင်မော်ဒယ်ဟောင်းနှင့် သိသာကွဲပြားသော ရုပ်ထွက်အပြင် ပါဝင်သော features များမှာလည်း ဆီဒင်တစ်စီးအတွက်လုံလောက်သော ပါဝင်မှုများဟု Mitsubishi Myanmar မှဆိုထားသည်။ Attrage အသစ်တွင် Mitsubishi ၏ ပြောင်းလဲလိုက်သော Dynamic Shield Design ကိုသုံးထားကာ ရှေ့ရှဲတွင် အနီရောင်အတန်း ၂ ခုကိုထည့်သွင်းထားသည်။ ထို့အပြင် နောက်ဘက်တွင် Spoiler ပါရှိပြီး ၁၅ လက်မ အလွိုင်းဘီးများကိုတပ်ဆင်ပေးထားသည်။ အတွင်းခန်းတွင်လည်း Push Start , Smart Key စနစ်၊ အလိုအလျောက်လေအေးပေးစနစ်၊ Apple CarPlay၊ Android Auto၊ Cruise Control၊ Push-start ၊ ECO Mode Indicator ၊ 7 inch Touch Screen, Rear View Camera,USB port စသည်တို့ပါဝင်သည်။လုံခြုံရေးအနေဖြင့် ရှေ့လေအိတ် ၂ လုံး၊ABS ၊ EBD တို့ပါဝင်ပြီး အရောင် ၃ ရောင်ရွေးချယ်နိုင်မည်ဟုသိရသည်။ All New Attrage GLS Grade ကို အမေရိကန်ဒေါ်လာ ၁၉,၉၉၀ ဖြင့် ရောင်းချမည်ဖြစ်ပြီး သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံပေးထားကြောင်း သိရသည်။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *