Gold AYA Motors International Group မှ စီးပွားကူးသန်းဝန်ကြီးဌာသို့ Jetour X70 ကားတစ်စီးပေးအပ်လှူဒါန်း

လက်ရှိမြန်မာနိုင်ငံတွင် SKD စနစ်ဖြင့် Jetour X70,Changhe Q35 နှင့် BYD F3 ကားများကို ထုတ်လုပ်ရောင်း ချပေးနေသည့် Gold AYA Motors International Group မှ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အပြန်အလှန်ကူညီဖေးမပေးအစီအစဉ်အနေဖြင့် Jetour X70 ကားတစ်စီးကို စီးပွားကူးသန်းဝန်ကြီးဌာသို့ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားအား ယနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့က Gold AYA Motors Myanmar Showroom တည်ရှိရာ ကြည့်မြင်တိုင်ကမ်းနားလမ်းတွင် ပြုလုပ်သွားခဲ့သည်။အဆိုပါပေးအပ်ပွဲသို့ မြန်မာနိုင်ငံရှိတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ် Mr.Tan ၊ စီးပွားကူးသန်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးလွင်, Gold AYA Motors မှ General Manager Mr.Du Zhaoen တို့တက်ရောက်ခဲ့ကြသည်။ထိုကဲ့သို့လှူဒါန်းရခြင်းမှာ တိုင်းပြည်အရေးစီမံနိုင်ဖို့ရာ ဌာနဆိုင်ရာဝန်ထမ်းများအားလုံး တာဝန်နှင့် သွားလာလှုပ်ရှားမှုများပြုလုပ်ရာတွင် လွယ်ကူလျင်မြန်စေရန်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် Gold AYA Motors International Group အနေဖြင့် ကိုဗစ် 19 ရောဂါတိုက်ဖျက်ရေး စီမံချက်များ ကိုဆောင် ရွက်ပေးနေကြသော အစိုးရဝန်ထမ်းများနှင့် ရောဂါတိုက်ဖျက်ရေးတွင် ပါဝင် ကူညီခဲ့ကြသော အဖွဲ့အစည်း များအားလုံးကို Gold AYA Motors မှကားများဝယ်ယူမည်ဆိုပါက အထူးလျှော့ဈေးများဖြင့် ဝန်ဆောင်မှုပေး သွားမည်ဖြစ်ကြောင်းလည်း ဆိုထားသည်။Gold AYA Motors International Group Co.,Ltd ကို ၂၀၁၇ ခုနှစ်ကတည်းကစတင်တည်ထောင်ခဲ့ပြီးဖြစ်ပြီး မော်တော်ကားဖက်စပ်လုပ်ငန်းတစ်ခုလည်းဖြစ်သည်။ ကုမ္ပဏီတွင် ဝန်ထမ်းပေါင်း ၂၀၀ ကျော်ကိုခန့်အပ် ထားရှိပြီး ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ၃၀ မီလီယံဝန်းကျင်ရှိကြောင်း သိရသည်။ Gold AYA Motors အနေဖြင့် Sedan,SUV,MPV,Commercial Vehicle,Pick Up trucks,Special Vehicle,New Energy Vehicle များကိုထုတ်လုပ်လျက်ရှိပြီး ထပ်မံပြီးလည်း မော်ဒယ်အသစ်များကို မိတ်ဆက်ပေးသွားရန်ရှိနေကြောင်းလည်း သိရသည်။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *