တရုတ်နိုင်ငံ၏ အထင်ကရ ကားအမျိုးအစား Geely Coolray ကို မြန်မာနိုင်ငံဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်ပြီ

Geely Myanmar မှ Geely Coolray ကားသစ်ကို Junction Square ၌ ပြသရောင်းချပေးလျက်ရှိပြီး စမ်းသပ်မောင်းနှင်ခြင်းကိုပါ လုပ်ဆောင်နိုင်ကြောင်း သိရသည်။ လူငယ်စတိုင်အသားပေး Sporty ဖြစ်စေသည့် Geely Coolray ၏ မိတ်ဆက်ပွဲကို ဒီဇင်ဘာ ၂၀ ရက်နေ့က Online Launch အနေဖြင့် မိတ်ဆက်ပြသသွားခဲ့ပြီး လက်ရှိတွင် အထူးပရိုမိုင်းရှင်းအစီအစဉ်များဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။Geely Coolray တွင် တာဘိုပါဝင်သော 1.5TD ဓါတ်ဆီအင်ဂျင်ကို အသုံးပြုထားပြီး 130kW ပါဝါနှင့် ရုန်းအား 255Nm ကို ထုတ်လုပ်ပေးနိုင်စွမ်းရှိသည်။ ၎င်းနှင့်အတူ 7 Speed Dual Clutch Transmission ကိုသုံးထားကာ 0 to 100 km ကို 7.9 sec ဖြင့်အရောက်မောင်းနိုင်မည်ဟု သိရသည်။အဆိုပါ Geely Coolray ကို B Segment Modular Architecture (BMA) Platform ဖြင့်တည်ဆောက်ထားသောကြောင့် ကြံ့ခိုင်သန်မာမှုရှိကာ ကျယ်ဝန်းသော Space များကိုလည်း ရရှိနိုင်မည်ဟု သိရသည်။ ထို့အပြင် မော်တာနှင့် အနေအထား ခြောက်မျိုးအထိ ပြောင်းလဲနိုင်သည့် လည်သာထိုင်ခုံများ၊ 10.25 inch Floating Panel,7 inch LCD Instrument Panel,ဂျက် လေယာဉ်များတွင်သုံးသော Shift ပုံစံ ဂီယာတံနှင့် ဂျက်လေယာဉ်အတွင်းခန်းပုံစံဒီဇိုင်းဖန်တီး ထားသည်။ Geely Coolray တွင် စကြာဝဠာပုံစံပြန့်ကားသည့်ရှေ့ Grille များ၊ Full LED DRLS ၊ ကာလာ ၂ မျိုးစပ် စပေါ့ Rims များ တပ်ဆင်ပေးထားသည်။ နည်းပညာဆိုင်ရာ လုပ်ဆောင်ချက်များဖြစ်သည့် Automated Parking Assist (APA)၊ Blind Spot Detection (BSD)၊ ၃၆၀ ဒီဂရီမြင်ကွင်းကျယ်ကင်မရာ၊ CN 95 လေသန့်စင်ပေးသောစနစ်၊ Paddle Shift ၊ မောင်းနှင်မှုပုံစံသုံးမျိုး (Normal, Eco and Sport)၊ EPB ၊ ESCS ၊ Cruise Control ၊ Smart Keyless Entry နှင့် Auto Hold တို့ တပ်ဆင်ထားသည်။ Geely Coolray ကို ဝယ်ယူမည်ဆိုပါက Dual-color ကိုယ်ထည်နှင့်အတူ Trim Level သုံးမျိုးကို ရောင်းချပေးနေပြီး Comfort ကို ပုံမှန်ဈေး ၃၀၈ သိန်း (Promotion Price ၂၈၉ သိန်း)၊ Luxury ကို ပုံမှန်ဈေး ၃၃၈ သိန်း (Promotion Price ၃၁၉ သိန်း) နှင့် Sport ကိုပုံမှန်ဈေး ၃၇၈ သိန်း (Promotion Price ၃၅၉ သိန်း) ဖြင့် ဇန်နဝါရီလ ၁၂ ရက်နေ့အထိ ပရိုမိုးရှင်းဈေးများအတိုင်း အသီးသီးရောင်းချပေးလျက်ရှိနေသည်။ ထို့အပြင် Geely Coolray ကို ၅ နှစ် (သို့မဟုတ်) ကီလိုမီတာ ၁သိန်းခွဲ အာမခံပေးထားကြောင်းလည်း သိရသည်။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *