ပြည်တွင်းဈေးကွက်ကို စတင်ရောက်ရှိလာသည့် KIA ၏ All New K5 2021 နှင့်All New Sorento 2021

KIA Myanmar မှ All New K5 2021 နှင့် All New Sorento 2021 တို့ကို မြန်မာပြည်ဈေးကွက်အတွင်း သို့စတင်မိတ်ဆက်သွားခဲ့သည်။ ၂၀၂၁ Sedan ကားအမျိုးအစားဖြစ်သည့် K5 သည် KIA Optima ကိုအစားထိုးလိုက်သည့်မော်ဒယ်ဖြစ်ပြီး ၂၀၂၁ Sorento သည် Mid-size crossover SUV ကားအမျိုးအစားဖြစ်သည်။ All New K5 2021ကားသစ်သည် ှSport ဆန်သည့်ဆီဒင်တစ်စီးပုံစံမျိုးဖန်တီးထားပြီး ယာဉ်မောင်းသူကို အထောက်အကူပေးနိုင်သော နည်းပညာသစ်များ၊ မောင်းနှင်မှုအတွက် ပိုမိုလွယ်ကူပြီး သက်သောင့်သက်သာရှိစေမည့်နည်းပညာများ ပေါင်းစပ်ထားသည်ဟု KIA မှဆိုသည်။ ၎င်းတွင် 12.3လက်မအရွယ် Cluster နှင့် ၈ လက်မအရွယ်Infotainment Display ကို သုံးစွဲထားပြီး ကားအတွင်းခန်းကို ပိုမိုလှပစေသည့် Mood Light စနစ်များကိုပါ ကားအတွင်းခန်းတွင် ပေါင်းစပ်ဖန်တီးပေးထားသည်။ K5 2021 တွင် 2.0 MPI အင်ဂျင်နှင့် 6 Speed Auto transmission ဂီယာစနစ်ကို သုံးစွဲထားပြီး ရွေးချယ်စရာ Drive mode စနစ်များ ပါဝင်သည်။ ကားမောင်းသူကို ပိုမိုဘေးကင်းလုံခြုံစေရန် Drive Wise စနစ်များပါဝင်ပြီး ကားအတွင်းလိုက်ပါစီးနှင်းသူများအတွက်သက်သောင့်သက်သာဖြစ်စေရန် နည်းပညာသစ်များ ပေါင်းစပ်ထည့်သွင်းထားသည်။All New Sorento 2021တွင် ယခင်မော်ဒယ်ဟောင်းနှင့်မတူ ကွဲပြားခြားနားသော ဒီဇိုင်းပုံစံမျိုးကို မြင်တွေ့ခဲ့ရပြီး Fourth generation SUV ကားတစ်စီးဖြစ်ကာ ၇ ယောက်စီး SUV ဖြစ်သည်။ ၎င်း၏ ကားအတွင်းပိုင်းနည်းပညာများကို အရင်ကားမော်ဒယ်ထက် ပိုမိုဆန်းသစ်စွာတီထွင်ထားပြီး Cluster ကိုလည်း 12.3 လက်မအရွယ်အစားရှိ TFT Display အမျိုးအစားဖြစ်ပြီး Infotainment စနစ်ကိုလည်း 8 လက်မအရွယ်အစားရှိသည့် Display ကိုအသုံးပြုထားသည်။ ဂီယာပုံစံမှာလည်း ယခင်ကကဲ့သို့ Shift ပုံစံမဟုတ်တော့ဘဲ rotary လက်လှည့်ပုံစံဒီဇိုင်းမျိုးဖြစ်သည့် Dual Clash shift by wire ပုံစံဖန်တီးပေးထားသည်။ Drive mode စနစ်နှင့် Terrain Mode စနစ်ကိုလည်း လက်လှည့်ပုံစံမျိုးနှင့် ဖန်တီးပေးထားသည်။ ကားအတွင်း ခန်းမီးရောင်အနေဖြင့် Mood light စနစ်များလည်းပါဝင်ပြီး မိမိနှစ်သက်ရာ အရောင် ၇ မျိုးကိုလည်း ရွေးချယ်နိုင်မည်ဖြစ်သည်။ အင်ဂျင်မှာ 2.2 VGT ဒီဇယ်အင်ဂျင်အမျိုးအစားဖြစ်ပြီး 8 Speed Dual Clash Auto Transmission ဂီယာအမျိုးအစားကို အသုံးပြုထားသည်။ အသစ်တီထွင်ထားသည့် Terrain စနစ်အရ ကြမ်းတမ်းသောလမ်းအခြေအနေများတွင်လည်း ဘီးလေးဘီးလုံးကို ချိန်ညှိမောင်းနှင်ပေး မည့်စနစ်များပါဝင်သည်။ ကားမောင်းသူကို ပိုမိုအထောက်အကူပေးစေမည့်Drive Wise စနစ်လည်းပါဝင်သည်။မိတ်ဆက်ကာလအထူးဈေးနှုန်းအနေဖြင့် All New K5 ကို မူရင်းဈေးအမေရိကန်ဒေါ်လာ ၄၄၉၀၀ မှ ၄၂၉၀၀အထိ ဈေးလျှော့ရောင်းချပေးမှာ ဖြစ်သလို All New Sorento ကိုလည်း မူရင်းဈေး အမေရိကန်ဒေါ်လာ ၆၅၉၀၀ မှ ၆၃၉၀၀ ထိ ဈေးလျှော့ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရသည်။ အာမခံအားဖြင့် ၅ နှစ် သို့မဟုတ် ကီလိုမီတာတစ်သိန်းပေးသွားမည့်အဆိုပါ ကားသစ်နှစ်စီးလုံးကို ကနဦးပေးငွေ ၁၀% အနည်းဆုံးမှ စတင်ပေးသွင်းဝယ်ယူနိုင်ပြီး ၇ နှစ်အထိ အရစ်ကျပေးချေနိုင်ကြောင်း သိရသည်။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *