Best Pick Up Truck Brand – Ford

Pick Up Truck နဲ့ပတ်သက်လာရင် အမေရိက Brand တွေက အကောင်းဆုံးလို့ သတ်မှတ်ထားခဲ့ကြပါတယ်။ လက်ရှိပြည်တွင်းမှာဆိုလည်း Pick Up Truck တွေကို Trim level အမျိုးမျိုးအပြင် model အများအပြား ထုတ်လုပ်ရောင်းချနေတဲ့…

Pick Up Truck နဲ့ပတ်သက်လာရင် အမေရိက Brand တွေက အကောင်းဆုံးလို့ သတ်မှတ်ထားခဲ့ကြပါတယ်။ လက်ရှိပြည်တွင်းမှာဆိုလည်း Pick Up Truck တွေကို Trim level အမျိုးမျိုးအပြင် model အများအပြား ထုတ်လုပ်ရောင်းချနေတဲ့ Ford ကို ၂၀၂၀ ရဲ့ Best Pick Up Truck Brand အဖြစ်ရွေး ချယ်လိုက်ရပါတယ်။ ကားလောကမှာ အစဉ်အလာပိုင်းကြီးကျယ်တဲ့ Ford ရဲ့ကားတွေဟာ မာကျောမှု၊ safety ဖြစ်မှု၊အကြမ်းခံမှု အပိုင်းတွေမှာပါ နာမည်ကျော်ကြားရုံတင်မကပါဘူး။ နည်းပညာပိုင်းနဲ့ ဘရန်းရဲ့ယုံကြည်စိတ်ချရမှုမှာလည်း ထိပ်တန်းအဆင့်မှာ ပါဝင်နေပါတယ်။ Ford ဟာ Pick Up Truck အနေနဲ့ နာမည်ကျော် Ranger ကို အင်ဂျင်ပါဝါအမျိုးမျိုး၊ဂရိတ်အမျိုးမျိုးကို SKD (Semi-Knock Down) စနစ်နဲ့ထုတ်လုပ်ရောင်းချနေပြီး ဈေးနှုန်းအမျိုးမျိုးရှိတဲ့အတွက် ရွေးချယ်လည်းများပြားပါတယ်။ Ranger series တွေမှာ Ranger Double Cab Wildtrak 3.2L ၊ Ranger Double cab XLT 2.2L တို့ကို(SKD)စနစ်,Ranger Rap Cab XLT(2.2L)၊ Ranger Single Cab 2.2L နဲ့ F-150 Raptor Crew Cab တု့ိကို CBU (Complete Built Cab) စနစ်တွေနဲ့ ရောင်းချပေးနေလို့ ၂၀၂၀ ရဲ့အကောင်းဆုံး Pick Up Truck Brand အဖြစ်ရွေးချယ်လိုက်ရခြင်းဖြစ်ပါတယ်။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *