Best Luxury Mid-Size SUV – Range Rover Velar

Design language အသစ်နဲ့ မွေးဖွားလိုက်တဲ့ Range Rover Velarက Range Rover စီးရီးတွေလို အကြမ်း ခံမှု၊ဇိမ်ကျမှု၊စွမ်းဆောင်ရည်ပြည့်ဝမှုလောက်သာပဲနာမည်ကျော်တာမဟုတ်ဘဲ လှပပြီးဆွဲဆောင်မှု ရှိတဲ့ဒီဇိုင်း၊လုံခြုံစိတ်ချရမှု၊ နေရာဒေသမရွေးမောင်းနှင်နိုင်မှုစတာတွေပါထပ်လောင်းပေါင်းစပ်ပေးရတော့မှာပါ။ 5 ယောက်စီး Mid-size luxury crossover…

Design language အသစ်နဲ့ မွေးဖွားလိုက်တဲ့ Range Rover Velarက Range Rover စီးရီးတွေလို အကြမ်း ခံမှု၊ဇိမ်ကျမှု၊စွမ်းဆောင်ရည်ပြည့်ဝမှုလောက်သာပဲနာမည်ကျော်တာမဟုတ်ဘဲ လှပပြီးဆွဲဆောင်မှု ရှိတဲ့ဒီဇိုင်း၊လုံခြုံစိတ်ချရမှု၊ နေရာဒေသမရွေးမောင်းနှင်နိုင်မှုစတာတွေပါထပ်လောင်းပေါင်းစပ်ပေးရတော့မှာပါ။ 5 ယောက်စီး Mid-size luxury crossover SUV ဖြစ်တဲ့ Velar က Range Rover ထွက်ရှိသမျှ မော်ဒယ်တွေထဲမှာ အမြင့်ဆုံးဆိုတဲ့အရာတွေမှန်သမျှ သယ်ဆောင်လာပါတယ်။နည်းပညာနဲ့ပတ်သက်လို့ ကားလောကရဲ့ ဆရာတွေထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ Land Rover ရဲ့စွမ်းဆောင်နိုင်မှုတွေက Velar မှာလက်ကုန်သုံးထားတယ်လို့ဆိုရလောက်အောင် များပြားလှတဲ့ နည်းပညာတွေကို တွေ့ရှိခံစားရမှာဖြစ်ပါတယ်။ Velar မှာအထူးခြားဆုံးက ဘယ်ကားမှာမှမပါဝင်သေးတဲ့ ဘော်ဒီနစ်မြှုပ်နေတဲ့ ဘေးတံခါးလက်ကိုင်တွေ ၊ နည်းပညာမြင့်မားတဲ့ 3D Matrix Laser LED Light တွေပါဝင်တဲ့အပြင် ဆိတ်သားရေအစစ်နဲ့ လုပ်ထားတဲ့ အကောင်းစား Leather seat တွေရဲ့ငြိမ့်ညောင်းမှု ၊ Sport ဆန်အောင်ပြုလုပ်ထားတဲ့ အတွင်းခန်း ဒီဇိုင်း၊ ရွတ်သမျှအကုန်ပါတဲ့ လုံခြုံရေးစနစ်တွေကြောင့် အကောင်းဆုံးတွေထဲမှာ ရွေးချယ်ခံခဲ့ရခြင်းပဲဖြစ်ပါတယ်။ Engine Power – 2.0 L V6 Super Charge Petrol Maximum Power – 380ps/ 6,500rpm Maximum Torque – 450Nm/3,500rpm Transmission – 8 Speed A/T Starting Price – USD 115,000

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *