Best Mid Size SUV – Nissan Terra

လမ်းကောင်းရော၊ လမ်းကြမ်းပါမရွေး ဘက်စုံသုံးနိုင်တဲ့ကားကောင်းကောင်းတစ်စီး ကိုပြပါဆိုရင် နည်းပညာအသစ်အဆန်းတွေပါဝင်ပြီး သက်တောင့် သက်သာရှိသလို လှပတဲ့ Nissan Terra ကိုမဖြစ်မနေထည့်သွင်းရမှာဖြစ်ပါတယ်။ Nissan Navara pickup truck ရဲ့ကိုယ်ထည်ပေါ်အခြေခံထားတဲ့ Terra ကတော့ full ladder-frame…

လမ်းကောင်းရော၊ လမ်းကြမ်းပါမရွေး ဘက်စုံသုံးနိုင်တဲ့ကားကောင်းကောင်းတစ်စီး ကိုပြပါဆိုရင် နည်းပညာအသစ်အဆန်းတွေပါဝင်ပြီး သက်တောင့် သက်သာရှိသလို လှပတဲ့ Nissan Terra ကိုမဖြစ်မနေထည့်သွင်းရမှာဖြစ်ပါတယ်။ Nissan Navara pickup truck ရဲ့ကိုယ်ထည်ပေါ်အခြေခံထားတဲ့ Terra ကတော့ full ladder-frame အဖြစ်တည်ဆောက်ထား တဲ့အတွက် အကြမ်းခံသလို စိတ်လည်းစိတ်ချရမယ့် ကားမျိုးပါ။ Nissan Terra မှာ ဆွဲဆောင်မှုရှိပြီး ခန့်ညားတဲ့ ရှေ့Grille တွေနဲ့အတူ ကွဲပြားတဲ့ဒီဇိုင်းနဲ့တောက်ပပြီး အရည်အသွေးမြင့် နှင်းခွဲမီးတွေ၊နေ့အလင်းမီးတွေပါဝင်တဲ့LED မီးတွေကို ပတ်ပတ်လည်မှာတွေ့ရှိရပါတယ်။ ဒါ့အပြင် Terra မှာ နောက်ထပ်မြင့်မားတဲ့ နည်းပညာသုံး နိမ့်ရာမှမြင့်သွားတဲ့ Theatre-style ဖွဲ့စည်းထားတဲ့ leahter ခုံ ၇ ခုံ၊ အာကာသယာဉ်မှူးတွေကို အတုယူပြီး ထိုင်တဲ့ပုံစံအနေအထား ၈ မျိုးအထိ adjust လုပ်နိုင်ကာဆွဲအားမဲ့ ထိုင်ခုံ အသွင်ဖန်တီးထားတဲ့ ရှေ့ခုံတွေပါဝင်ပါတယ်။ပြီးတော့ စုံလင်တဲ့ convenience features တွေကို အတွင်းခန်းမှာ ထည့်သွင်းပေးထားလို့ စီးနင်းလိုက်ပါသူတွေအတွက် အရမ်းကိုအ ဆင်ပြေစေပါတယ်။ Terra မှာ ကောင်းမွန်တဲ့စတီယာရင်စနစ်၊ pickup အခြေခံ SUV ဖြစ်ပေမယ့် ဘော်ဒီယိမ်း တာတွေ၊ခုန်တာတွေကို အနည်းဆုံးဖြစ်အောင်ပြုလုပ်ထားခြင်း၊ Off-Road ထိန်းချုပ်မောင်းနှင်မှုတွေအတွက် သင့်တော်ခြင်း၊ ခေတ်မီလုံခြုံမှုစနစ်တွေအပြည့်အစုံပါဝင်ခြင်း စတဲ့အချက်တွေကြောင့် လမ်းမျိုးစုံမောင်းဖို့အတွက် လွယ်ကူအဆင်ပြေစေပါလိမ့်မယ်။ ဒါကြောင့် Nissan Terra ကို Best Mid Size SUV အဖြစ်ရွေးချယ်လိုက်ရခြင်းဖြစ်ပါတယ်။ Engine Power – 2.5 L Diesel Maximum Power – 190hp Maximum Torque – 450Nm Transmission – 7-speed A/T with Manual Mode Price – USD 59000 (2WD), USD 62800 (4WD)

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *