ကားဝယ်ဖို့ စဉ်းစားနေပြီဆို ဘယ်လိုအမျိုးအစားတွေကို အဓိကရွေးချယ်မလဲ…
Covid 19 ပြဿနာကြောင့် ကားရောင်းဝယ်ရေးလုပ်ငန်းတွေထိခိုက်နေတယ်ဆိုပေမယ့်လည်း လိုအပ်ချက်ရှိသူတွေကတော့ ဝယ်ယူနေကြဆဲပါ။ ဒါဆိုရင် ဒီအချိန်မှာ ဘယ်လိုအမျိုးအစားကားတွေကို ရွေးချယ်ရမလဲဆိုတာကို အကြံပေးချင်ပါတယ်။ ကားဝယ်မယ့်သူတစ်ယောက်အနေနဲ့ ပထမဆုံး ကိုယ်သုံးမယ့်ငွေပမာဏ၊ ကိုယ်က မြို့တွင်း အဓိက လား၊ဟိုင်းဝေးရောပါမလား၊ ပြီးတော့ မိသားစုများလား၊ နည်းလား၊ ကိုယ်က ဘယ်ကား Type တွေကိုနှစ်သက်သလဲစတာတွေကနေစ စဉ်းစားရမယ်။ ကိုယ်က ရုံးဆင်းရုံးတက်နဲ့ ကလေးကျောင်းကြို/ပို့တွေကို အဓိကထားမယ်ဆို ဆီစားသက်သာတဲ့ City car တွေပဲရွေးသင့်ပါတယ်။ နောက်ပြီး ငွေနည်းနည်းကုန်ကျခံနိုင်ရင်တော့ ဆလွန်းဝယ်ပေါ့။ ဆလွန်းတွေက City Car တွေထက်တော့ပိုပြီးစမတ်ကျမယ်၊ မောင်းရပိုကောင်းတယ်လေ။ လက်ရှိပြည်တွင်းမှာတော့ စွယ်စုံသုံး Crossover တွေကတော့ ပိုပြီးရေပန်းစားနေတယ်။ Crossover တွေက မြို့တွင်းရော၊မြို့ပြင်ပါသုံးနိုင်တယ်။ ဆီစားကလည်း SUV တွေလောက်မများပါဘူး။ Ground Clearance လည်းမြင့်တယ်။ Performance လည်းမဆိုးဘူး။ ဒီတော့ Used ရော၊ Brand New ဈေးကွက်မှာပါ လူကြိုက်များပါတယ်။ ဒီတော့ လက်ရှိ ကားသစ်ဈေးကွက်ထဲက Crossover တွေထဲမှာဘာတွေရွေးချယ်စရာရှိလဲ ဆိုတာတစ်ချက်လောက်ဖော်ပြပေးချင်ပါတယ်။ သိန်း ၂၀၀ နဲ့ ၃၀၀ ကြားက ရွေးချယ်စရာ Crossover များ
1- Lifan X50
ဈေး – ၂၅၃ သိန်း
အင်ဂျင် – 1.5 L (ဓါတ်ဆီ)
Max Output (HP)- 95
Max Torque (Nm)- 133 (3500-4500rpm)
Transmission – 6 Speed Auto
2- CHANGHE Q35
ဈေး – ၂၆၇ သိန်း
အင်ဂျင် – 1.5 L (ဓါတ်ဆီ)
Max Output (HP)- 114Max
Torque (Nm)- 148
Transmission – 4 Speed Auto
3- BRILLIANCE V3
ဈေး – ၂၇၈ သိန်း
အင်ဂျင် – 1.5 L (ဓါတ်ဆီ)
Max Output (HP)- 110Max
Torque (Nm)- 145
Transmission – 5 Speed Auto
4-GWM M4
ဈေး – ၂၁၅ သိန်း
အင်ဂျင် – 1.5 L (ဓါတ်ဆီ)
Max Torque (Nm)- 138
Transmission – 5 Speed Auto
သိန်း ၃၀၀ နဲ့ ၄၀၀ ကြားက ရွေးချယ်စရာ Crossover များ
1- DONGFENG S370
ဈေး – ၂၇၅ သိန်း
အင်ဂျင် – 1.5 L (ဓါတ်ဆီ)
Max Output (HP)- 86
Max Torque (Nm)- 147.5 (2800~3600rpm)
Transmission – 5 Speed Auto (CVT)
2- JETOUR X70 (7 seaters)
ဈေး – ၃၆၆ သိန်းအင်ဂျင် – 1.5 L (ဓါတ်ဆီ)
Max Output (HP)- 144
Max Torque (Nm)- 210 (1750-4000rpm)
Transmission – 8 speed auto
3- LIFAN X60
ဈေး – ၃၂၃ သိန်း
အင်ဂျင် – 1.8 L (ဓါတ်ဆီ)
Max Output (HP)- 131
Max Torque (Nm)- 131
Transmission – 6 speed auto
4- LIFAN X70
ဈေး – ၃၆၉ သိန်း
အင်ဂျင် – 2.0 L (ဓါတ်ဆီ)
Max Output (HP)- 139.5
Max Torque (Nm)- 185/4200-4400
Transmission – 5 speed auto
5-MG ZS
ဈေး – ၃၁၅ သိန်း
အင်ဂျင် – 1.5 L (ဓါတ်ဆီ)
Max Output (HP)- 111
Max Torque (Nm)- 150Nm
Transmission – 4 speed auto
6- SOUEAST DX3
ဈေး – ၃၁၅ သိန်း
အင်ဂျင် – 1.5 L (ဓါတ်ဆီ)
Max Output (HP)- 115/5600
Max Torque (Nm)- 225/1800-4500
Transmission – 8 speed auto (CVT)
7- TOYOTA RUSH
ဈေး – ၃၅၅ သိန်း
အင်ဂျင် – 1.5 L (ဓါတ်ဆီ)
Max Output (HP)- 150
Max Torque (Nm)- 210
Transmission – 6 speed auto
8- BAIC X55
ဈေး – 25,060 USD (သိန်း ၃၄၀ကျော်)
အင်ဂျင် – 1.5 L (ဓါတ်ဆီ)
Max Output (HP)- 77/6000
Max Torque (Nm)- 136/4200
Transmission – 4 speed auto