ယူအေအီး၊ အဘူဒါဘီမှ သူဌေးတစ်ဦးပိုင်ဆိုင်ထားတဲ့ ထူးဆန်မှုတွေပြည့်နှက်နေတဲ့ Rolls-Royce Wraith

Customize ကားတွေကို အကန့်အသတ်နဲ့ထုတ်လုပ်ရာမှာ နာမည်ကြီးတဲ့ Rolls-Royce ကတော့ ထူးဆန်မှုတွေပြည့်နှက်နေတဲ့ နာမည်ကျော် luxury coupe အမျိုးအစား Rolls-Royce Wraith ကိုအာကာသထဲကနေ အာရပ်နိုင်ငံ တွေရှိရာ အရှေ့အလယ်ပိုင်းဒေသကို မြင်ရတဲ့မြေပုံရယ်၊ နေနဲ့ ဂြိုဟ်ကြီးတွေရယ် စတဲ့ဒီဇိုင်းတွေပါတဲ့ တစ်စီးတည်းသော ကားကိုထုတ်လုပ်ပေးလိုက်တယ်လို့ သိရပါတယ်။ကားဘောနက်ပေါ်မှာ air-brushed artwork နဲ့ဖန်တီးထားတဲ့ ဒီဇိုင်းက အရှေ့အလယ်ပိုင်းဒေသကို မြင်ရတဲ့ အာကာသထဲကကြည့်ရင်မြင်ရမယ့်ပုံစံမျိုးရေးဆွဲထားပါတယ်။ ပြီးတော့ အစိမ်းရောင် coach line တွေနဲ့လည်း နေနဲ့ ဂြိုဟ်ကြီးတွေကို Solar System နဲ့လည်ပတ်နေပုံကို နာရီပေါင်း ၁၀၀ ကျော်ကြာအောင် ရေးဆွဲခဲ့ရပါတယ်။ ပြီးတော့ ကားတစ်စီးလုံးနီးပါး အပြာရောင်ကို သုံးထားတာကတော့ ကမ္ဘာကို ၇၅ %လောက် ဖုံးထားတဲ့ ရေပြင်တွေကို ကိုယ်စားပြုပါတယ်။ နောက်ပြီး Moccasin leather လက်တင်တွေကိုလည်း အမ်းမရိတ်ကိုယ်စားပြု သဲတွေ ဒီဇိုင်းမျိုးပုံဖော်ထားပါတယ်။ Dashboard ပေါ်မှာလည်း satellite ကနေမြင်တွေ့ရတဲ့ အရှေ့အလယ်ပိုင်းဒေသကို မြင်ရတဲ့မြေပုံကို ဒီဇိုင်းဖော်ထားပါတယ်။ ကားအမိုး ကိုလည်း Solar System ထဲက ဂြိုဟ်တွေနဲ့ ပတ်လမ်းကြောင်းတွေကို ပုံဖော်ထားပါတယ်။ ဒီကားကို “Inspired by Earth” လို့အမည်ပေးထားကာ 624bhp နဲ့ 870Nm torque ထွက်မယ့် twin-turbocharged 6.6-litre V12 engine ကိုသုံးထားပါတယ်။ 8 speed automatic gearbox ပါတဲ့ ဒီကားက 2.4-tonne လေးပေမယ့် 0–62mph ကို 4.5 seconds နဲ့အရောက်သွားနိုင်ပါတယ်။ ဒီကားက starting price တောင်မှ ဒေါ်လာ 330,000 လောက်ရှိပြီး စိတ်ကြိုက်ဒီဇိုင်းပုံစံဆိုရင် ဒေါ်လာ ၅ သိန်းကျော်လောက်အထိကျသင့်နိုင်တယ်လို့ ဆိုပါတယ်။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *