အသစ်ဖန်တီးမှုများဖြင့် ထုတ်လုပ်လိုက်သော 2020 The New Land Rover Defender ကို မြန်မာပြည်ဈေးကွက်သို့ စတင်မိတ်ဆက်

The New Land Rover Defender 2020 ကားသစ် တရားဝင်မိတ်ဆက်ပွဲအား Online Launching အနေဖြင့် စက်တင်ဘာလ ၁၈ ရက်နေ့ 2020 ခုနှစ် ညနေ ၃:၀၀ နာရီအချိန်တွင် ထုတ်လွှင့်ပြသကာ မြန်မာပြည်ဈေး ကွက်သို့ စတင်မိတ်ဆက်သွားခဲ့သည်။ ၎င်းသည် ထူးခြားစိတ်ဝင်စားစရာကောင်းလှပြီး မြင်ရုံနှင့် မှတ်မိသတိတရဖြစ်စေမည့် ပုံရိပ်၊ Defender ၏ ကိုယ်ပိုင်လက္ခဏာတစ်ခုဖြစ်သည့် ခပ်တိုတိုရှေ့ပိုင်းနှင့် ဆန့်ထုတ်ထားသည့် နောက်ပိုင်းဒီဇိုင်းကိုဖန်တီးထားသည်။ ထို့အပြင် အမြင်ပိုင်းရော လက်တွေ့မှာပါ အကြမ်းခံပြီး ခိုင်ခံ့သော တည်ဆောက်မှုကို အင်ဂျင်နီယာများက အထူးဖန်တီးတည်ဆောက်ထားကာ လမ်းကြမ်း လမ်းကောင်း ၂ မျိုးလုံးကို New Land Rover Defender ၏ ပြန်လည်မွမ်းမံလိုက်သော စွမ်းဆောင်နိုင်စွမ်းမှာ မယုံကြည်နိုင်လောက်အောင်မောင်းနှင်နိုင်ကြောင်းလည်း သိရသည်။ အဆိုပါမော်ဒယ်သစ်မှာ 900 kg အထိ အမြင့်ဆုံးသယ်ဆောင်နိုင်စွမ်းးရှိပြီး တည်ငြိမ်ပစ္စည်းတွေကို ခေါင်ပေါ်မှာ 300 kg အထိတင်ဆောင်နိုင်စွမ်း၊ ဘယ်လိုပစ္စည်းမဆို 168 kg အထိ တင်ဆောင်နိုင်စွမ်းရှိသောခေါင်၊ 3,720 kg အထိ ချိတ်ဆွဲယူနိုင်စွမ်း၊ ရေအနက် 900 mm အထိ ဖြတ်မောင်းနိုင်စွမ်းများကို ပေါင်းစပ်လိုက် သောအခါမှာတော့ the New Defender မှာ4×4 ဖြစ်လာသည်ဟု ဆိုထားသည်။ Land Rover က ရှေ့ဆောင်တီထွင်ထားသော Terrain Response 2 နည်းပညာကို သုံးထားသည့်အပြင် ရေထဲဖြတ်မောင်းနိုင်စွမ်းအသစ်နှင့်ပေါင်းစပ်လိုက်သည့် အခါတွင် ကမ္ဘာ့ပထမဆုံးသော လိုသလိုတွဲဖက်အသုံးပြုနိုင်တဲ့ Terrain Response ဖြစ်လာသည်ဟုသိရသည်။Defender 110 တွင် 5+2 အဖြစ်နှင့် ခုံများကို ငါးယောက်စီးကနေ ၇ ယောက်စီးအထိ မှာယူရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် ကွဲပြားထူးခြားသည့် Accessory Packs (Explorer, Adventure, Country နဲ့ Urban) နှင့်အတူ အထူးသီးသန့် accessories ပေါင်း ၁၇၀ အထိထဲကလည်း လိုသလို ရွေးချယ်မှာယူနိုင်ပါသေးတယ်။ ထိုမျှမက စွယ်စုံရ အကြမ်းခံပြီး အရွယ်အစားပိုသေးတဲ့ Defender 90 ကိုလည်း မှာယူနိုင်ပြန်ပါသေးတယ်။Defender 110 ကို မြန်မာနိုင်ငံမှာ အမေရိကန် ဒေါ်လာ 95,000 မှစ၍ စိတ်ကြိုက် ရွေးချယ်မှာယူနိုင်ပါပြီ။ Special Offer အနေနှင့် Launch လုပ်သည့် 18/September/2020 မှ September လကုန်အထိ ဝယ်ယူသူ Customer များကို Land Rover Myanmar မှ – 3 Years factory warranty – 5 Years service warranty တို့အပြင်- Special Price on Accessories Pack- 24 hours Roadside Assistance – 3M Auto Film- MAD Detailing Package တို့ကို ထည့်သွင်းပေးသွားမည်ဖြစ်သည်။ဆက်သွယ်မှာယူမည့် Customer များအနေဖြင့် Hotline No. 09953149376 ကိုဆက်သွယ်၍ဖြစ်စေ အမှတ်(၃)၊ ၁၂ ရပ်ကွက်၊ အင်းစိန်လမ်းမကြီး၊ လှိုင်မြို့နယ်ရှိ Jaguar Land Rover Showroom သို့လည်း Appointment ယူ၍ လာရောက်လေ့လာဝယ်ယူနိုင်ပါတယ်။ သို့မဟုတ်www.landrovermyanmar.com/Defender မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *