Gold AYA Motors Brand နဲ့ မော်ဒယ်သစ် Changhe Q35 ကို ကြေညာခြင်းအခမ်းအနား

Gold AYA Motors Brand ကြေညာခြင်းနဲ့ မြန်မာပြည်မှာ တစ်စိတ်တစ်ဒေသတပ်ဆင်ထုတ်လုပ်မယ့် Changhe Q35 မိတ်ဆက်တဲ့အခမ်းအနားကို ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။
ဒီပွဲကို MIC မှတာဝန်ရှိသူများ ၊ Shining Star Group ကုမ္ပဏီမှတာဝန်ရှိသူများ၊ Gold AYA Motors Board of Director Mr. Yan Yu၊ Shining Star Group မြန်မာနိုင်ငံကုမ္ပဏီခွဲရဲ့ တာဝန်ရှိသူများ၊ BAIC Group South East Asia Region ၏ General Manager ၊ အဝယ်တော်များ၊ဖြန့်ချိသူများ၊ အနုပညာရှင်တွေတက်ရောက်ခဲ့ကြပါတယ်။
အဲဒီအပြင် Gold AYA Motors ထုတ်ကားတွေကို ထုတ်လုပ်ဖြန့်ချီပေးမယ့် Dealer အယောက် ၂၀ ကျော်ကိုလည်း Partnership agreement စာချုပ်များလက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီနောက် Gold AYA Motors ရဲ့ ပထမဆုံးကားမော်ဒယ်သစ်ဖြစ်တဲ့ USD 21800 တန်ကြေးရှိ Changhe Q35 မိတ်ဆက်ပေးသွားခဲ့ပါတယ်။
အောက်ပါ ရုပ်သံမှတ်တမ်းလေးမှာအသေးစိတ်ရှုစားပေးပါဦး….

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *