နာမည်ကြီး ပြင်သစ် Luxury ကား Brand တစ်ခုဖြစ်တဲ့ Peugeot က မြန်မာပြည်မှာ ပထမဆုံးကား Showroom ဖွင့်လှစ်

နာမည်ကြီး ပြင်သစ် Luxury ကား Brand တစ်ခုဖြစ်တဲ့ Peugeot က မြန်မာပြည်အတွက် ပထမဆုံး Peugeot Showroom ကို မရမ်းကုန်းမြို့နယ် ၊ ကမ္ဘာအေးဘုရားလမ်း ၊ ၈ မိုင် မှာ ဇန်နဝါရီလ ၈ ရက်နေ့ကဖွင့်လှစ်ခဲ့ပါတယ်။
ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ အစိုးရဝန်ထမ်းတွေ ၊ ပြင်သစ် သံအမတ် ၊ Peugeot က တာဝန်ရှိလူကြီးတွေ ၊ အနုပညာရှင်တွေနဲ့ Customers တွေ တက်ရောက်ခဲ့ပါတယ်။
Peugeot အနေနဲ့ ကားရောင်းချဖို့ Showroom ဖွင့်လှစ်ခြင်းသာမကဘဲ ၊ Servicing နဲ့ Repair အတွက် ကျွမ်းကျင်ဝန်ထမ်း အယောက် ( ၅၀ ) က စတုရန်း ၁၀၂၅၀ ပေ ကျယ်ဝန်းတဲ့မြေပေါ်မှာ ကား ( ၁၀ ) စီးကို တစ်ပြိုင်တည်းပြုပြင်နိုင်အောင် ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။
Peugeot ကား Brand ဟာ PSA Group က ပိုင်ဆိုင်တဲ့ ကား BRAND တစ်ခုဖြစ်ပြီးတော့ ဥရောပရဲ့ မော်တော်ယာဉ်ထုတ်လုပ်တဲ့ အကြီးဆုံး ကုမ္ပဏီတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ PSA Group မှာ Sales outlets ပေါင်း ၁၀၀၀၀ ကျော်ရှိပြီးတော့ နိုင်ငံပေါင်း ၁၆၀ မှာ ရုံးခွဲတွေရှိတယ်လို့သိရပါတယ်။

မြန်မာပြည်ရဲ့ ပထမဆုံး Peugeot ကား Showroom ကို Super Seven Stars ကုမ္ပဏီမှ dealership အနေနဲ့တာဝန်ယူ ဖွင့်လှစ်ခဲ့ခြင်းပဲဖြစ်ပါတယ်။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *