တန်ဖိုးနည်းဆီဒင်ဈေးကွက်အတွင်းဝင်ရောက်လာသည့် All New KIA Soluto

KIA Myanmar မှ Online Launch အဖြစ်စတင်မိတ်ဆက်လိုက်သော All New KIA Soluto Sedan မှာ 1.4 Liter MPI ၊ ဓာတ်ဆီအင်ဂျင်နှင့် 4 Speed Auto Gear ကို အသုံးပြုထားသည့် ငါးယောက်စီး Compact Sedan ကားအမျိုး အစား ဖြစ်သည်။ Soluto မှာ KIA ၏ ပြည်တွင်းတန်ဖိုးနည်းဆီဒင်ဈေးကွက်ကို အဓိကထိုးဖောက်လာခြင်းဖြစ်ကာ အရှေ့တောင်အာရှသို့ရောက်ရှိနေပြီးသားဖြစ်ပြီး ၂၀၁၈ ကမှစတင်ထုတ်လုပ်ခဲ့ခြင်းလည်းဖြစ်သည်။
၎င်း၏ကားအတွင်းခန်းတွင် ကျယ်ဝန်းမှု ရှိပြီး Cup Holder များမှာ အရှေ့ဘက်နှင့် အနောက်ဘက် လိုက်ပါသူများ လက်လှမ်းမီသည့်နေရာတွင်ရှိပြီး Two-Level Tray ကို Dashboard ၏အောက်ခြေနားတွင်နေရာချထားသောကြောင့် Phone နှင့် အခြားပစ္စည်းများကိုလည်း အဆင်ပြေစွာ ထည့်ထားနိုင်မည် ဖြစ်သည်။
လုံခြုံရေးပိုင်းတွင် Airbag နှစ်လုံး၊ Electronic Stability Control (ESC) စနစ် ၊ Vehicle Stability Management (VSM)စနစ် ၊ Rear Parking Sensor များလည်းပါဝင်သည်။
သို့သော် တန်ဖိုးနည်းဆီဒင်ဖြစ်၍ အတွင်းခန်းတွင် features များစုံလင်ခြင်းမရှိပေ။
KIA Myanmar မှ All New KIA Soluto ကို ဝယ်ယူမည်ဆိုပါက အရောင်ခုနစ်မျိုးဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၉,၉၀၀ ဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။ ထိုကားအတွက် အာမခံအနေဖြင့် ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံပေးထားကြောင်း သိရသည။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *