Best Chinese Sedan BAIC D 70

ပေးရတဲ့ တန်ဖိုးထက်တောင် ပိုတာတွေပြန်ရမယ့် BAIC D 70 ကို 2020 ရဲ့အကောင်းဆုံး ဆီဒင်ကားတစ်စီးစာရင်းမှာ ထည့်သွင်းလိုက်ချင်ပါတယ်။ BAIC D 70 မှာ လှပခန့်ညားတဲ့ အသွင်အပြင်၊ သေသပ်စွာတည်ဆောက်ထားတဲ့ ကားဒီဇိုင်း၊ luxury…

ပေးရတဲ့ တန်ဖိုးထက်တောင် ပိုတာတွေပြန်ရမယ့် BAIC D 70 ကို 2020 ရဲ့အကောင်းဆုံး ဆီဒင်ကားတစ်စီးစာရင်းမှာ ထည့်သွင်းလိုက်ချင်ပါတယ်။ BAIC D 70 မှာ လှပခန့်ညားတဲ့ အသွင်အပြင်၊ သေသပ်စွာတည်ဆောက်ထားတဲ့ ကားဒီဇိုင်း၊ luxury ကားတစ်စီးအသွင်မျိုးပေါ်လွင်ထင်ရှားမှုတွေကို ထင်ထင်ရှားရှားတွေ့မြင်ရပါမယ်။ ဒီကားမှာ ကြီးမားတဲ့ Chrome Grille တွေနဲ့အတူ LED Intelligent Head Lamps နဲ့ LED Day light တွေပေါင်းစပ်ပါဝင်ထားလို့ လူတိုင်းငေးမောရလောက်မယ့် ကားမျိုးပါ။
နောက်ပြီးတော့ ကျယ်ဝန်းပြီး Luxury ဆန်တဲ့ထိုင်ခုံတွေနဲ့အတူ ဇိမ်ကျမှုဆိုတဲ့အရသာကို ခံစားရစေမယ့် အတွင်းခန်းမျိုးကို ပိုင်ဆိုင်ထားပါသေးတယ်။ BAIC D 70 က Comfort handling နဲ့ Luxury Driving experience တွေကို ခံစားရစေမယ့် ကားမျိုးဖြစ်ပါတယ်။ ဒါ့အပြင် ဆီဒင်ကောင်းတစ်စီးမှာပါဝင်တဲ့ feature တွေဖြစ်တဲ့ Panoramic Sunroof , 12.3 လက်မ Touch Screen,360 degree surround camera,Rain sensor,Built in ပါတဲ့ car Black box တွေအပြင် Premium ဆန်တဲ့ Ambient light ကိုလည်း အတွင်းခန်းမှာ ထည့်သွင်းပေးထားပါတယ်။ D 70 မှာ သုံးထားတဲ့ Material တွေက ကောင်းမွန်သလို ပစ္စည်းထည့်စရာ နေရာတွေကလည်း အပြည့်အစုံပါပါသေးတယ်။
BAIC D 70 မှာ 1.5 L Turbo ဓါတ်ဆီအင်ဂျင်ကို CVT 6 Speed semi Auto Transmission နဲ့တွဲဖက်ပေးထားပါတယ်။ Safety အနေနဲ့လည်း Blind Spot Detection,Lane Departure Warning,Auto Hold,Electronic Parking Brake,Cruise Control စတဲ့ feature တွေအစုံအလင်ထည့်သွင်းပေးထားလို့ Best Sedan အဖြစ်ထိုက်တန်တဲ့ ကားတစ်ီးလို့ဆိုချင်ပါတယ်။

Engine Power – 1.5 L Turbo Petrol
Maximum Power – 149 HP
Maximum Torque – 210 N.m
Transmission – 6 Speed CVT semi auto

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *