ကားတစ်စီးရဲ့ အရေးကြီးဆုံးသော အစိတ်အပိုင်းဖြစ်တဲ့ ကားတာယာ

ပြိုင်ကားတစ်စီး မောင်းနှင်တဲ့အချိန်မှာ ဘရိတ်အသုံးပြုခြင်း ၊ ချိုးကွေ့ခြင်း ၊ အရှိန်တင် မောင်းနှင်ခြင်းတို့ကိုဟန်ချက်ညီညီအသုံးချနိုင်ဖို့လိုပါတယ်။အဲဒီလို စွမ်း ဆောင်နိုင်ဖို့အတွက် ( ယာဉ်မောင်းသူ ပြီးရင် ) ကားတစ်စီးလုံးရဲ့အစိတ်အပိုင်းတစ်ခုကသာ ထိန်းချုပ် ဆောင်ရွက်ပေးနိုင်ပါတယ် ။အဲဒါကတော့ တာယာပါပဲ ။ တာယာကသာလျှင် မြေပြင်နှင့် ကုပ်အားယူပြီးကားရပ်ခြင်း ၊ ကားကွေ့ခြင်း ၊ အရှိန်ဖြင့် မောင်းနှင်ခြင်းတို့ကို ပြု လုပ်ပေးနိုင်ပါတယ် ။ ဟောင်းနွမ်းပြီး အရည်အသွေးမကောင်းတော့တဲ့ကားတာယာတွေကို အသုံးပြုနေမယ်ဆိုရင်ဘရိတ်တွေ ၊ ရှော့ဘားတွေ ၊အင်ဂျင်တွေဘယ်လိုပဲ အဆင့်မြှင့် ထားပါစေ ကားတစ်စီးရဲ့မြင့်မားတဲ့စွမ်းဆောင်ရည်ကို ရရှိနိုင်မှာ မဟုတ်ပါဘူး ။. အသစ်စက်စက် တာယာ တစ်စုံဟာ ဆိုရင်တော့ အထက်ဖေါ်ပြပါ အချက်တွေနဲ့ဆန့်ကျင်ဖက် စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မှာပါ ။ ဒါကြောင့် formula One နှင့် အချို့ကားပြိုင်ပွဲတွေမှာ ပြိုင်ကားတွေရပ်နားပြီး ကားတာယာတွေ လဲနိုင်တဲ့နေရာတွေ အများအပြားထားရှိပေးထား တာတွေ့ရမှာပါ ။ ဒီလနည်းပညာဆိုင်ရာ ဆောင်းပါးမှ ကျွန်တော်အဓိကထား ဆွေးနွေးချင် တာကတော့ တာယာတွေအကြောင်းပါ ။ ဒီအကြောင်းအရာဟာ ကားမောင်းတဲ့သူတိုင်းသိရှိ ထားသင့်တဲ့အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ် ။တာယာအမျိုးအစားများ ယေဘုယျအားဖြင့် ပုံမှန်အိမ်စီးကား တွေ မှာတပ်ဆင်လေ့ရှိတဲ့တာယာမျိုးတွေပဲ ဖြစ်ပါတယ် ။ ဒီနေ့ဈေးကွက်ထဲမှာ ဆိုရင် အဓိကအနေနဲ့တာယာအမျိုးအစား ( ၄ ) မျိုးတွေ့ရှိနိုင်ပါတယ် ။1- Racing Slick Tyres:သွင်ပြင် ။ ။ စေးကပ်တဲ့ရာဘာအမျိုးအစားဖြစ်တယ် ၊ ပန်းလုံးဝမပါ ၊ ကြာရှည်အသုံးမခံပါ၊ အသံကျယ်လောင်ပါတယ် ။အားသာချက် ။ ။ ခြောက်သွေ့ပြီးညီညာတဲ့လမ်းတွေမှာ ကုပ်အား အပြည့်ရရှိစေပါတယ် ။ တာယာဗြက်ကျယ်သောကြောင့် အရှိန်ဖြင့်ကွေ့နိုင်ပါတယ် ။အားနည်းချက်။ ။ လမ်းမကောင်းတဲ့နေရာ ၊ မိုးရွာတဲ့အချိန် ၊ ရွှံ့နွံထဲစသည်တို့တွင် မောင်းနှင်လျှင် ကုပ်အား မရနိုင်သောကြောင့် အသုံးမဝင်ပါဘူး ။တပ်ဆင်လေ့ရှိသော ကားအမျိုးအစား ။ ။ ပြိုင်ကားများ ၊ မြန်မာနိုင်ငံရှိ လိုင်းကားများ ( တာယာများပန်းလုံးဝမရှိသည်အထိ မောင်းနှင်နေသည်ကို တွေ့ရပါတယ် ).2- Sports Car Tyres:သွင်ပြင် ။ ။ စေးကပ်တဲ့ရာဘာအမျိုးအစားနှင့် ပြုလုပ်ထားပြီး ရေခွဲလိုင်း ရေထုတ်လိုင်း ပါသောကြောင့် အသင့်အတင့် ရေစိုနေတဲ့လမ်းတွေမှာ ကုပ်နိုင်စွမ်းရှိပါတယ်။ သူလဲပဲ ကြာရှည်စွာ အသုံးမခံပါဘူး ။ ဈေးကြီးတယ် ၊ အသံကျယ်တယ် ။ ဗြက်ကျယ်လို့ထိန်းချုပ် မောင်းနှင်ရ လွယ်ကူပြီး ရေထွက်နိုင်အောင် လုပ်ထားတဲ့ပန်းတွေပါဝင်ပါတယ် ။အားသာချက် ။ ။ မျက်နှာပြင်ညီညာပြီး ခြောက်သွေ့တဲ့လမ်းတွေမှာ ဆိုရင် ကုပ်အားကောင်းပါတယ်။ ပန်းပါပြီး ထူသောတာယာ မျက်နှာပြင်ရှိတဲ့အတွက် ရေစို နေတဲ့လမ်းနှင့် အကွေ့တို့တွင် ကောင်းစွာမောင်းနှင်နိုင်ပါတယ် ။အာနည်းချက် ။ ။ ဈေးကြီးတယ် ။ ရာဘာမျက်နှာပြင်ကျယ်သောကြောင့် အသံကျယ်တယ်။ တာယာပန်းများစားတာမြန်တယ် ။ နှင်း ၊ ရွှံ့စသည်တို့တွင် မောင်းရန် အဆင်မပြေပါ ။တပ်ဆင်လေ့ရှိသော ကားအမျိုးအစား ။ ။ Sports car အကောင်းစားတွေ ၊ စလွန်းကားတွေ။3- All Season Tyres:သွင်ပြင် ။ ။ ယေဘုယျအားဖြင့် ရာသီဥတု မျိုးစုံမှာအသုံးပြုလို့ရအောင် ထုတ်လုပ်ထားခြင်းဖြစ်ပါတယ် ။ ခြောက်သွေ့သော ၊ ရေရှိသော ၊ နှင်း ( သို့ )ရွှံ့ စသည့်လမ်းများအားလုံးတွင် အသုံးပြုနိုင်အောင် တာယာပန်းတွင် လိုင်းများ ၊ အတုံးများ ဖြင့် ရောနှောထားပါတယ်။အားသာချက် – ဈေးနှုန်းသက်သာခြင်း ၊ ရာသီဥတု အမျိုးမျိုးတွင် အသုံးပြုနိုင်ခြင်း ၊ ကြာရှည်အသုံး ပြုနိုင်ခြင်း ။အားနည်းချက် – အပူဒါဏ်မခံနိုင်ခြင်း ။ ရာသီဥတုအားလုံးတွင် အသုံးပြုလုပ်ရအောင်ပြုလုပ်ထားသောကြောင့် မည်သည့်အခြေအနေတွင်မဆို အားနည်း ချက် အနည်းငယ်ရှိပါတယ် ။တပ်ဆင်လေ့ရှိသော ကားအမျိုးအစား ။ ။ အိမ်စီးကားများ ၊ Light Trucks ၊ MPV4-Off-Road Tyres:သွင်ပြင် ။ ။ ကြီမားတဲ့ block တုံးပုံ ပန်းတွေ ပါရှိတဲ့ဒီဇိုင်းမျိုးဖြစ်ပြီး ထူထပ်တဲ့ရွှံ့၊ နှင်း အစရှိတာတွေပေါ်မှာ မောင်းနှင်နိုင်အောင် ပြုလုပ်ပေးထားတဲ့တာယာမျိုးပါ ။ အရွယ်အ စားကြီးပါတယ် ။အားသာချက် ။ ။ ဘလောက်တုံးပုံပန်းတွေက မညီမညာရှိတဲ့လမ်းမျိုးမှာ ကုပ်အားအပြည့်အဝပေးနိုင်ပါတယ်။ ပိုမိုမာကြောသော ရာဘာအမျိုးအစားဖြင့် ပြုလုပ်ထား ခြင်းဖြစ်သောကြောင့် ကြာရှည်အသုံးခံပါတယ် ။အားနည်းချက် ။ ။ ပုံမှန် ကောင်းမွန်ပြေပြစ်သောလမ်းမျိုးတွင် တာယာတွင်ပါရှိသော block တုံးများကြောင့် ကုပ်အား အပြည့်အဝ မပေးနိုင်ပါ ။ အဆိုပါ block တုံးများကြောင့် အမြန်မောင်းနှင်သည့်အခါ တုန်ခါပြီး တည်ငြိမ်မှုအားနည်းပါတယ် ။တပ်ဆင်လေ့ရှိသော ကားအမျိုးအစား ။ ။ Off road မောင်းနှင်ရသော ကားများ ။အထက်ပါဖော်ပြခဲ့သည့်အတိုင်း တာယာတစ်ခုစီတိုင်းတွင် အာသာချက် အားနည်းချက်ရှိပြီး မိမိမောင်းနှင်မည့် ကားအမျိုးအစား ၊ လမ်း အခြေအနေပေါ်မူတည် ပြီး မှန်ကန်သော တာယာ အမျိုးအစားများ တပ်ဆင်မောင်းနှင်မှ သာလျှင် ပြီးပြည့်စုံသော စွမ်းဆောင်ရည် ကို အပြည့်အဝ ရရှိနိုင်ပေမည် ။တာယာပေါ်တွင်ပါရှိသော ကိန်းဂဏန်းများနှင့် အရွယ်အစားပြ ကိန်းဂဏန်းများမော်တော်ယာဉ်မောင်းနှင်သူ တစ်ယောက်အနေဖြင့် ကားဘီးတာယာပေါ်တွင် ဖော်ပြထားသော ကိန်းဂဏန်းများ မည်သည့်အရာကို ရည်ညွန်းကြောင်း သိရှိထားဖို့လွန်စွာ အရေးကြီးပါတယ် ။တာယာအရွယ်အစား။ ။ တာယာတစ်လုံး၏ အရွယ်အစား အတိုင်းအတာကို ၎င်းတာယာ၏ ဘေးမျက်နှာပြင်တွင် အောက်ပါအတိုင်း ရေးထွင်းထားပါတယ် ။205/55/16 > 205= တာယာ၏ မျက်နှာပြင် အကျယ် ( ဗြက် ) ၂၀၅ မီလီမီတာ> 55= တာယာ၏ ဘေးမျက်နှာပြင် ( ထု ) ၊ ဗြက်၏ ၅၅ ရာခိုင်နှုန်း ( ၂၀၅ မီလီမီတာ၏ ၅၅ ရာခိုင်နှုန်း = ၁၁၂.၇၅ မီလီမီတာ )> 16= ဂွေဆိုဒ် ၁၆ လက်မ> R= ရာဘာအလွှာတွင်း မြှုပ်ထားသောကြိုးမျှင်များ ဗဟိုမှ ဖြာထွက်သည့်ပုံစံရှိသည့် တာယာမျိုး ။Treadwear: 300-100 ။ နံပါတ်မြင့်လာလေလေ ကြာရှည်အသုံးခံလေဖြစ်သည်။Traction: AA-C: အက္ခရာ မြင့်လာလေလေ ကုပ်အားများလေဖြစ်သည် ။Heat: AA-C: အက္ခရာ မြင့်လာလေလေ မောင်းနှင်နေစဉ်အပူဒါဏ်ကို ခံနိုင်မှု မြင့်မားလေလေ ဖြစ်ပါသည် ။M+S: ရွှံ့နှင့် နှင်းများကြားတွင် မောင်းနှင်နိုင်သည့်တာယာမျိုး ဖြစ်ကြောင်း ညွှန်းဆိုပါတယ် ။ နှင်းထဲတွင် မောင်းနှင်ရသော တာယာမျိုးတွင် တာယာဘေးဘက် ၌ နှင်းပွင့် ပုံမျိုးပါရှိတတ်ပါ တယ် ။Speed Rating: စွမ်းဆောင်ရည် မြင့်မားတဲ့ယာဉ်တွေအတွက်ဆိုရင် တာယာပေါ်မှာ ရေးထား တဲ့speed rating တွေကလည်းအရေးကြီးပါတယ် ။ speed rating တွေကိုဆိုရင် အက္ခရာ H ကနေ Z အထိ အမှတ်အသားနဲ့ဖော်ပြလေ့ရှိပါတယ် ။ H ဟာဆိုရင် တစ်နာရီ ၁၃၀မိုင်နှုန်းအထိ မောင်းနှင်နိုင်ပြီး Z ဆိုရင်ဖြင့် တစ်နာရီ ၁၈၆ မိုင်နှုန်းအထိ မောင်းနှင်နိုင်တယ်လို့ရည်ညွန်းထားပါတယ် ။ အက္ခရာ ပိုမြင့်လာတာနဲ့ပိုမို မြန်ဆန် မောင်းနှင်နိုင်ပြီး ကြာရှည်ခံနှုန်းကတော့ နိမ့်လာပါတယ် ။ထုတ်လုပ်သည့် နေ့စွဲ : တာယာတစ်လုံးစီတိုင်းတွင် ထုတ်လုပ်သည့် နေ့စွဲများရေးထားပါတယ် ။ ဥပမာ 1016 ဟု ရေးထိုးထားသော တာယာသည် 2016 မတ်လတွင် ထုတ်လုပ်ထားသည် ဟုရည်ညွှန်းပါတယ် ။ နောက်ဂဏန်း နှစ်လုံးသည် ခုနှစ်ကို ရည်ညွန်းပြီး ရှေ့ဂဏန်း နှစ်လုံးကတော့ ရက်သတ္တပတ် ၁၀ ပတ်ကို ရည်ညွန်းခြင်းဖြစ်ပါတယ်။ကားလေထိုးခြင်း :ကားတစ်စီးစီတိုင်းတွင် သတ်မှတ်ထားသော ရှိသင့်သည့် လေပေါင်ပမာဏ ထိုးသွင်းရန် အရေးကြီးပါတယ် ။ ၎င်းတို့ကို ကားတံခါးဘောင် ၊ manual book နှင့် ဆီအဖုံးနေရာတို့တွင် ဖော်ပြထားလေ့ရှိပါတယ် ။ ကားထုတ်လုပ်သူတွေဟာ သင့်ကားကို ကောင်းမွန်တဲ့စွမ်ဆောင်ရည် ရရှိဖို့လိုအပ်တာတွေကို လမ်းညွှန်ရေးသားထားပေးပါတယ် ။ တစ်ချို့ဂျာမဏီ ထုတ် ကားတွေမှာ ဆိုရင် လေပေါင် 40 psi လောက်အထိထိုးရပါတယ် ။ အထူးသဖြင့် ခရီးဝေးလို နေရာမျိုးကို မောင်းနှင်သွားလာတဲ့အခါမျိုးမှာ မိမိ ကားဘီးလေပေါင် ကို သေချာစွာ ချိန်ဆတတ်ဖို့အရေးကြီးပါတယ် ။ တာယာပူလာတာနဲ့အမျှ တာယာတွင်း လေပေါင်သည်လည်း မြင့်တက်လာပါတယ် ။ ဒါကြောင့်မို့ယာဉ်မောင်းနှင်နေသည့်အခါတိုင်း တွင် ပြင်ပအပူချိန်ပေါ်မူတည်ပြီး လေပေါင်ချိန်ဆတတ်ဖို့လိုအပ်ပါတယ်။ မိမိကားတာယာ အခြေအနေ ၊ ဆီစားနှုန်း၊ တာယာများ ပန်းများပါးခြင်း စသည်တို့ကို ထိန်းချုပ်နိုင်ရန် လေပေါင်အား တစ်ပတ်တစ်ခါ စစ်ဆေးဖို့လည်း လွန်စွာမှ အရေးကြီးပါတယ် ။ယခုနောက်ပိုင်းတွင် အောက်စီဂျင် အစား နိုက်ထရိုဂျင် လေဖြည့်ခြင်းများပြုလုပ်လာနိုင်ပါပြီ ။ နိုက်ထရိုဂျင်လေသည် အပူချိန် ပေါ်မူတည်ပြီး လေပေါင်များစွာ အပြောင်းအလဲ မရှိသောကြောင့် အောက်စီဂျင်နှင့်နှိုင်းယှဉ်ပါက မိမိကားလေပေါင်အား ထိန်းချုပ်ရန် ပိုမို လွယ်ကူပါတယ် ။ နောက်တစ်ခုအရေးကြီးသည် မှာ အောက်စီဂျင်ဖြည့်ထားသော တာယာအတွင်း သို့နိုက်ထရိုဂျင်ပြောင်းထည့်ရာတွင် အောက်စီဂျင် လုံးဝ ကုန်သွားသည်အထိ လေကိုလျော့ထုတ်ဖို့ဖြစ်ပါတယ် ။ အောက်စီဂျင်ကျန်ရှိနေပါ နိုက်ထရိုဂျင် ပြောင်းလဲဖြည့်သော်လည်း အချည်းနှီးပင် ဖြစ်ပါတယ် ။ နိုက်ထရိုဂျင် ဖြည့်ပါက ငွေကုန်ကြေးကျ အနည်းငယ်ပိုများပေမယ့်အပူအအေး ဒါဏ်ခံနိုင်လို့လေပေါင်အတက်အကျ ကို ထိန်းချုပ်နိုင်ပါတယ် ။ အဓိက ကတော့ နိုက်ထရိုဂျင်ဖြည့်ထားသည့် တာယာမျိုး သည် အလုပ်ရှုပ်သက်သာပြီး ပုံမှန်အောက်စီဂျင်ဖြည့်ထားသော တာယာဆိုလျှင်တော့ ရာသီဥတု အလိုက် ချိန်ညှိမောင်းနှင်ပေးဖို့လိုအပ်ပါတယ် ။တာယာအကြောင်းကို အခြေခံနားလည်သဘော ပေါက်ပြီးမှသာလျှင် နောက်ဆက်တွဲ ပိုမို နည်းစနစ်မြင့်မားသော မောင်းနှင်မှုမျိုး ၊ တာယာကို အကျိုးရှိစွာ အသုံးချပုံ စသည်ဖြင့် တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက်လုပ်ဆောင်သွားနိုင်ပါတယ်။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *