ကားတစ်စီး ဒိုင်ခွက်အတွင်းမှ အချက်ပြမီးများအကြောင်း

ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေကြတဲ့ မော်တော်ကားတစ်စီးကို ပြုပြင်ထိန်း သိမ်းဖို့လို အပ်လာပြီဆိုရင် driver ရှေ့က ဒိုင်ခွက်မှာ အချက်ပြမီးတွေလင်းလာပါတယ်။ ဒါတွေကို တချို့က လျစ်လျူရှုခဲ့မိလို့ ပျက်စီးဆုံးရှုံးမှုတွေပိုကြီးသွားရပါလိမ့်မယ်။ ဒါကြောင့် ဒီအချက်ပြမီးတွေက ပုံမှန်ပြုပြင်မှုအတွက်လား၊ အကြီးစားလား၊အသေးစားလားဆိုတာကို သိရှိထားဖို့တော့လိုပါတယ်။ သင့်ကားဒိုင်ခွက်မှာ အနီရောင်နဲ့sign တစ်ခုပြလာပြီဆိုရင်တော့ သေချာပေါက်ပြုပြင်ပေးဖို့် ချက်ချင်းလိုတယ်ဆိုတာပြတာပါ။ လိမ္မော်ရောင်ဆိုရင်တော့ မကြာခင် service လုပ်ဖို့ သတိပေးတာပါ။ အစိမ်းနဲ့ အပြာဆိုရင်တော့ ပြဿနာမရှိပါဘူး။ အဲဒီ function ကို လက်ရှိဖွင့်ပြီး သုံးနေတယ်လို့ ပြတာပါ။ ဒီလို သတိပေးအချက်ပြမီးတွေနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ဥပမာပေးပြောလိုပါတယ်။ အနီရောင်သတိပေး Symbols တွေက ဘာတွေဖြစ်မလဲ ?.ဘက်ထရီမီး – အပေါင်းအနှှုတ်ပါတဲ့ လေးထောင့်ပုံစံ သတိပေးပုံစံမီးနီလင်းလာပြီဆိုရင် တော့ သင့်ကားဘက်ထရီကို ချက်ချင်းစစ်ဆေးပြုပြင်ဖို့လိုအပ်ပါတယ်။ဘရိတ်မီး – အဝိုင်းလေးတစ်ခုအတွင်းမှာ ! ပုံစံကို မီးနီနဲ့ပြခဲ့ရင်တော့ handbrake ကိုအသုံးပြုထားတာလား သို့မဟုတ် ဘရိတ်ဆီနည်းနေတာလား သို့မဟုတ် ဘရိတ်စနစ်မှာ ချို့ယွင်းချက်ရှိနေတာလားဆိုတာ ချက်ချင်းစစ်ဆေးပြုပြင်ခိုင်းတာပါ။အင်ဂျင်ဝိုင်မီး- ဆီခွက်ပုံစံမီးလင်းတာက အင်ဂျင်ဝိုင်နည်းနေတာ သို့မဟုတ် လုံလောက်တဲ့ ပမာဏကိုမရှိတော့တာကို ပြသတာပါ။အပူချိန်မီး-E ပုံစံကို အောက်က ရေလှိုင်းလိုပုံစံပြတဲ့မီးလင်းလာရင်တော့ ဒါက အင်ဂျင်အပူချိန်မြင့်နေပြီး overheating ဖြစ်ဖို့နီးနေပြီလို့ ဆိုတာပါ။ ပါကင်မီး- P ပုံစံမီးလင်းလာရင်တော့ သင့်အနေနဲ့ handbrake သို့မဟုတ် electronic parking brake (EPB) ကိုအသုံးပြုထားလို့ဖြစ်ပါတယ်။ လေအိတ်မီး- လူတစ်ယောက်ထိုင်ခုံနဲ့ပြီးတော့ ရှေ့မှာအဝိုင်းလေးပုံစံပြနေရင်တော့ ကားလေအိတ်မှာပြဿနာရှိနေပြီး လေအိတ်အလုပ်မလုပ်နိုင်ဘူးဆိုတဲ့ အချက်ပြတာပါ။အဝါရောင် Safety Symbolsအင်ဂျင်မီး- အင်ဂျင်ပုံမီးလင်းရင်တော့ သင့်ကားအင်ဂျင်ထဲမှာ အထွေ ထွေပြုပြင်စရာ ရှိနေလို့ပါ။ တစ်ခါတစ်ရံမှာတော့ “CHECK” or “CHECK ENGINE” ဆိုပြီးလည်းဖော်ပြတတ်ပါတယ်။ တာယာလေပေါင်ချိန်အချက်ပြမီး- Tyre Pressure Monitoring System (TPMS) လို့ခေါ်တဲ့ ဒီစနစ်က ကားတာယာရဲ့လေပေါင်ချိန်ကို ဖော်ပြပေးသလို တာယာမှာ error တစ်ခုခုဖြစ်နေတယ်ဆိုရင်လည်း သတိပေးတဲ့စနစ်ပါ။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *