Paul Walker ရဲ့ BMW M3s ( ၇ ) စီးကို စုစုပေါင်း အမေရိကန်ဒေါ်လာ ( ၁.၇ ) သန်းနဲ့ လေလံတင်ရောင်းချနိုင်ခဲ့

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ Fast And Furious ဇာတ်ကားမှ မင်းသား Paul Walker ရဲ့ BMW M3s ကား ( ၇ ) စီးကို အမေရိကန်ပြည်ထောင်စု ၊ အရီဇိုးနားပြည်နယ် ပြုလုပ်နေတဲ့ Barrett-Jackson လေလံတင်ရောင်းချပွဲမှာ အမေရိကန်ဒေါ်လာ ( ၁.၇ ) သန်းနဲ့ လေလံတင်ရောင်းချနိုင်ခဲ့ပါတယ်။

Barrett- Jackson လေလံတင်ရောင်းချပွဲရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ မင်းသား Paul Walker ကိုယ်တိုင် စိတ်တိုင်းကျရွေးချယ်ဝယ်ခဲ့တဲ့ ကား ( ၂၁ ) စီး ကို လေလံတင်ရောင်းချနေခဲ့တာဖြစ်ပြီး အဲ့ထဲကမှ BMW E36 M3 lightweights ( 5 ) စီးကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ . ၃ သန်း နဲ့ ရောင်းချခဲ့ပါတယ်။ E36 M3 lightweights ( ၅ ) စီးထဲမှ မိုင်ပေါင်း ( ၄၆၀၀ ) အထိမောင်းနှင်ထားခဲ့တဲ့ ကားတစ်စီးကို အမေရိကန်ဒေါ်လာ ၃၈၅၀၀၀ နဲ့ရောင်းချနိုင်ခဲ့ပါတယ်။ BMW E30 M3s နှစ်စီးကိုတော့ အမေရိကန်ဒေါ်လာ နှစ်သိန်း နှစ်သောင်းနဲ့ တစ်သိန်း ( ၆ ) သောင်း ၅ ထောင် ဆီ အသီးသီးရောင်းချနိုင်ခဲ့ပါတယ်။
ဒါ့အပြင် မင်းသား Pual Walker သရုပ်ဆောင်ခဲ့တဲ့ First Five အမည်ရှိ ဇာတ်ကားထဲမှာ အသုံးပြုခဲ့တဲ့ 2009 Nissan 370Z ကားကိုတော့ အမေရိကန်ဒေါ်လာ ( ၁ ) သိန်း ( ၅ ) ထောင် ခြောက်ရာနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *