Ford ရဲ့ ဂုဏ်ယူစရာ သမိုင်းမှတ်တိုင်တစ်ခုဖြစ်တဲ့ Ford v Ferrari

Ford ရဲ့ ဂုဏ်ယူစရာ သမိုင်းမှတ်တိုင်တစ်ခုဖြစ်တဲ့Ford v Ferrari ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားကို Ford Myanmar ကနေပြီး ဇန်နဝါရီလ (၁၈)ရက် ညပိုင်းက ရန်ကုန်မြို့ Kantharyar Shopping Center မှာရှိတဲ့ JCGV ရုပ်ရှင်ရုံမှာအထူးပြသခဲ့.ပါတယ်။
Ford v Ferrari ရုပ်ရှင်ကားကို ကမ္ဘာကျော်မင်းသားကြီးတွေဖြစ်တဲ့ Matt Damon နဲ့ Christian Bale တို့ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပြီး Oscar Nominations 2020 မှာလည်း Best Picture ဆုအတွက်ပါဝင်နေတာ ဖြစ်ပါတယ်။
ဒီပွဲကို Ford Myanmar ရဲ့ Customer တွေ၊ ဖိတ်ကြားထားတဲ့ဧည့်သည်တွေ၊ စာနယ်ဇင်းမီဒီယာတွေ တက်ရောက်ခဲ့ကြတယ်။
Ford Vs Ferrari ဇာတ်လမ်းဟာ ၁၉၉၆ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၉၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တာပါ။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *