ကား Brands(၁၅)ခုအထိပါဝင်မည့်ဒုတိယအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာကားပြပွဲ

ကား Brands ( ၁၅ ) ခုအထိ ပါဝင်မည့် ဒုတိယအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာကားပြပွဲကို လာမည့် ဖေဖော်ဝါရီလ ၂၁ မှ ဖေဖော်ဝါရီ ၂၃ အထိ ( ၃ ) ရက်တိုင် Yangon Convention Centre – YCC မှာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကားပြပွဲကို GPI Myanmar Co.,Ltd မှ ကျင်းပပြုလုပ်ခြင်းဖြစ်ကာ ၊ မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ဈေးကွက်၊ မော်တော်ယာဉ်နှင့်ပက်သက်သော စီးပွားရေးလုပ်ငန်းများ ၊ ပြည်တွင်းသယ်ယူပို့ဆောင်ရေးစနစ်၊ လမ်းစနစ်နဲ့ကိုက်ညီတဲ့ ဘယ်မောင်းစနစ်ယာဉ်များ ကောင်းမွန်တိုးတက်စေရန် ရည်ရွယ်ပြီး ဒုတိယအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာကားပြပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကားပြပွဲတွင် Brands ( ၁၅ ) ခုဖြစ်သည့် BMW , Brilliance , DFM , Ford , Fuso , GAC , Jaguar , Land Rover , Mazda ,Mercedes – Benz , Nissian , Scania , Suzuki , Toyota , Volvo တို့မှ နောက်ဆုံးပေါ်ကားသစ်များနှင့် ၊ နောက်ဆုံးပေါ်နည်းပညာနှင့်ဖန်တီးမှုများစွာကို ကြည့်ရှုခံစားရမည်ဖြစ်ကြောင်းသိရသည်။
ကားပြပွဲကြီးတွင် တစ်ခြားစိတ်ဝင်စားဖွယ်အစီအစဉ်တွေဖြစ်ကြသည့် Modified Street Car Contest , မော်တော်ယာဉ်ဆက်စပ်ပစ္စည်း Brand တွေဖြစ်ကြတဲ့ TRK Auto Seat ၊ Limia Film ၊ အောင်သိန်းသန်း – Caltex ၊ PM Cantor ၊ kingsmen တို့၏ ရောင်းချမှုများ ၊ ထို့အပြင် ပြပွဲကိုလာရောက်ကြမည့် သူများအနေဖြင့် စာရင်းသွင်းရန်ကောင်တာတွင် မေးခွန်းတချို့ဖြေကြားရုံနှင့် နောက်ဆုံးပေါ်စမတ်ဖုန်းများကို ရရှိနိုင်မည့် Luck Draw Campaign အစီအစဉ်များပါဝင်မည်ဖြစ်ကြောင်းသိရသ
ည်။ ပြပွဲ ၃ ရက်တာ ကာလအတွင်း တစ်နေ့လျှင် စမတ်ဖုန်း ၃ လုံးနှုန်းနှင့် စုစုပေါင်း ၉ လုံး ကံစမ်းမဲဖောက်ပေးမည်ဖြစ်ပြီး Facebook Fan Page Campaign အတွက်လည်း JBL speaker , car camera တို့လို ပစ္စည်းတွေ မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကျင်းပမည့် ကားပြပွဲကြီးတွင် CB Bank က Offical Banking Partner အနေနဲ့ ပါဝင်မှာဖြစ်ကာ ၊ ကားပြပွဲတွင် CB Bank နှင့် ချိတ်ဆက်ကာ ကားဝယ်ယူပါက Down Payment 10 % အထိလျှော့ပေးသွားမှာဖြစ်တာကြောင့် Customer များအနေနဲ့ ရည်မှန်းထားတဲ့ ကားဖိုးငွေပြည့်အောင် စောင့်ရန်မလိုအပ်ပဲ ချက်ချင်းကားစီးနိုင်မှာဖြစ်ကြောင်း သိရသည်။ ( ၅ ) နှစ်တာ အစီအစဉ်နှင့် ဝယ်ယူမည်ဆိုပါက ၁ လ ကို Monthly Payment အသက်သာဆုံးနူန်းထားဖြင့် ငွေပေးသွင်းပြီး ကားဝယ်နိုင်မည်ဖြစ်ကြောင်းသိရသည်။
ဒုတိယအကြိမ်ကျင်းပသည့် Yangon International Motor Show အား GPI Myanmar Co.,Ltd နှင့် မြန်မာမော်တော်ယာဉ်အသင်း AAM တို့မှ စီစဉ်ကျင်းပခြင်းဖြစ်သည်။ GPI မြန်မာသည် အာဆီယံတွင် အကြီးဆုံး ကားပြပွဲဖြစ်သည့် Bangkok International Motor Show ကို တာဝန်ယူစီစဉ်ကျင်းပသည့် Grand Prix International Public Company Limited ၏ အဖွဲ့ဝင်ကုမ္ပဏီဖြစ်ကြောင်းသိရသည်။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *