BOWLER Manufacturing ကုမ္ပဏီကို ဝယ်ယူလိုက်တဲ့ JAGUAR LAND ROVER

UK အခြေစိုက် ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ မြန်မာလူမျိူးတွေနဲ့မစိမ်းတဲ့ JAGUAR LAND ROVER မှ နာမည်ကြီး ကားနည်းပညာနဲ့ အစိတ်အပိုင်းတွေရောင်းချတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ BOWLER Manufacturing ကုမ္ပဏီကို ဈေးနူန်းထုတ်ပြန်ကြေငြာခြင်းမပြုပဲ ဝယ်ယူခဲ့ပါတယ်။ BOWLER Manufacturing ကုမ္ပဏီကို 1985 နှစ်မှာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကာ နည်းပညာမြင့် off-road ပြိုင်ကားတွေ အင်္ဂလန်မှာပေါ်ထွက်လာဖို့ စတင် တီထွင်ဆန်းသစ်ခဲ့တဲ့ ကုမ္ပဏီတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ BOWLER Manufacturing ကုမ္ပဏီဟာ လမ်းကြမ်းမောင်းကားတွေနဲ့ ကားအစိတ်အပိုင်းတွေရောင်းချခြင်း ၊ အဆင့်မြင့်ကားတွေအတွက် ဒီဇိုင်းနဲ့ ထုတ်လုပ်မှုတွေကိုပြုလုပ်ပေးနေတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ါတတယ်။
BOWLER Manufacturing ကုမ္ပဏီဟာ Land Rover ကား ကုမ္ပဏီနဲ့ Brand partnership အဖြစ် ၂၀၁၂ ခုနှစ်မှာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီးတော့ Land Rover ရဲ့ Defender ကားတွေကို Bowler rally series အဖြစ် 2014 ကနေ ၂၀၁၆ အတွင်းမှာ ဖန်တီးခဲ့ဘူးပါတယ်။
BOWLER ကုမ္ပဏီဟာ Extreme off-road ကားတွေအတွက် သူတို့ရဲ့ နည်းပညာနဲ့ ဖန်တီးနိုင်စွမ်းကို အားလုံးမှတ်ကျောက်အတင်ခံနိုင်အောင် ပြသခဲ့ပြီးဖြစ်ကာ ၊ Land Rover နဲ့လည်း ရှည်ကြာတဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့တဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ် ။ JAGUAR LAND ROVER ရဲ့ အလျှင်အမြန်ဖွင့်ဖြိုးနေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Special Vehicle Operations လုပ်ငန်းစဉ်မှာလည်း BOWLER Manufacturing ကုမ္ပဏီအနေနဲ့ လေးခုမြောက်လုပ်ငန်းစဉ်တစ်ခုအနေနဲ့ ပါဝင်လာနိုင်မှာဖြစ်တဲ့အတွက်ကြောင့် ဝယ်ယူခဲ့ရခြင်းဖြစ်တယ်လို့ JAGUAR LAND ROVER ဘက်မှ ထုတ်ပြန်ထားပါတယ်။
မွန်ဘိုင်းမြို့အခြေစိုက် အိန္ဒိယကားထုတ်လုပ်ရေးကုမ္ပဏီ Tator Motors က ရှယ်ယာအများဆုံးပိုင်ဆိုင်တဲ့ ဗြိတိန်အခြေစိုက် JAGUAR LAND ROVER ကုမ္ပဏီဟာ ကမ္ဘာပေါ်မှာပရိသတ်အခိုင်အမာရှိနေတဲ့ ကားကုမ္ပဏီတစ်ခုဖြစ်ပြီး ၊သူတို့ရဲ့ ကားတွေဟာ မြန်မာပြည်မှာလည်း လူကြိုက်များတဲ့ ကားအမျိုးအစားတွေပဲဖြစ်ပါတယ်။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *