Best New Comer Brand – MG

ဗြိတိန်အခြေစိုက် MG (Morris Garages) ကို 1924 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း ၉၀ ကျော်ခဲ့ပါပြီ။ ဒါပေမဲ့ 2006 ခုနှစ်ကနေစပြီး SAIC Motor UK ရဲ့လက်အောက်ကို ရောက်ရှိ…

ဗြိတိန်အခြေစိုက် MG (Morris Garages) ကို 1924 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း ၉၀ ကျော်ခဲ့ပါပြီ။ ဒါပေမဲ့ 2006 ခုနှစ်ကနေစပြီး SAIC Motor UK ရဲ့လက်အောက်ကို ရောက်ရှိ သွားခဲ့ပါတယ်။ သို့သော် MG Motor designs ပိုင်း၊ ဖွံ့ဖြိုးတိုးတက်မှုပိုင်းနဲ့ ဈေးကွက်ပိုင်းတွေကိုတော့ UK မှာရှိတဲ့ Headquarters ကပဲ ထိန်းချုပ်လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ MG Motor ကနေ လူစီးယာဉ် တွေ ဖြစ်ကြတဲ့ Hatchback, Sedan နဲ့ SUV တွေကို ထုတ်လုပ်ရောင်းချနေပြီး ယခင်ထက်ပိုမိုကောင်းမွန်သော ဒီဇိုင်း၊ နည်းပညာနဲ့ အရည်အသွေးပိုင်းကို ဈေးကွက်ဆီချပြနိုင်ခဲ့လို့ တရုတ်၊ယူကေ၊ထိုင်း၊အိန္ဒိယ၊သြစတြေးလျ နဲ့ ဖိလစ်ပိုင်ဈေးကွက်တွေမှာ နေရာအခိုင်အမာရရှိထားပါတယ်။ အခုလက်ရှိမြန်မာပြည်ဈေးကွက်ကိုလည်း ၂၀၂၀ အစောပိုင်းက ရောက်ရှိလာခဲ့ပြီး MG Motor Myanmar အနေနဲ့ အရည်အသွေးမြင့်မားပြီး ဆွဲဆောင်မှုရှိတဲ့ ZS ,Rx 5 နဲ့ HS စတဲ့ SUV မော်ဒယ် ၃ မျိုးကို စတင်မိတ်ဆက်ရောင်းချခဲ့ပါတယ်။ စတင်ကတည်းက အရည်အသွေးပိုင်း၊ စွမ်းဆောင်ရည်နဲ့ နည်းပညာပိုင်းတွေကြောင့် ဈေးကွက်အတွင်းနေရာရရှိလာခဲ့တာကြောင့် အခုလို 2020 ရဲ့ Best New Comer Brand အဖြစ်ရွေးချယ်လိုက်ရခြင်းဖြစ်ပါတယ်။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *