Hyundai Myanmar Motor ဟာ SKD (Semi-Knock Down) စနစ်ကို ပြီးခဲ့တဲ့ 2019 ခုနှစ်ကတည်းက စတင်ခဲ့တာပါ။ စတင်တုန်းက Accent model တစ်မျိုးကိုသာ ထုတ်လုပ်ခဲ့ပြီးနောက် Grand i10,Creta နဲ့ Tucson တို့ကိုပါဆက်လက်ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ဒီၤလိုရောင်းချခဲ့မှုကြောင့် Hyundai Myanmar Motor ထုတ် SKD ကားမော်ဒယ်တွေကို ဝယ်ယူစီးနင်းမှု များပြားလာခဲ့ပြီး Market share ကိုရယူနိုင်ခဲ့ပါတယ်။ အထူးသဖြင့် Accent model က ဈေးကွက်အတွင်းအထူးနေရာရရှိလာခဲ့ပြီး ယခင် SKD စနစ်နဲ့မ ထုတ်လုပ်ခင်ကထက် အဆများစွာရောင်းအားမြင့်တက်ခဲ့ပါတယ်။ 2020 အတွင်းမှာတော့ Hyundai အနေနဲ့ dealer showroom တွေကိုဖွင့်လှစ်ခွင့်ပြုခဲ့ပြီး Hyundai ကားတွေကိုရောင်းချခွင့်ပြုခဲ့လို့ ရောင်းအားနဲ့ Brand ဂုဏ်သတင်းမြင့်မားခဲ့ရပါတယ်။ Hyundai Motor ထုတ်ကားတွေက အရည်အသွေးပိုင်းကောင်းမွန်ခြင်း၊ service နဲ့ spare part ပိုင်းစိတ်ချရခြင်းနဲ့ ယုံကြည်စိတ်ချရခြင်းစတဲ့ အချက်တွေကြောင့် ၂၀၂၀ ရဲ့အတိုးတက်ဆုံး Brand အဖြစ်ရွေးချယ်လိုက်ရခြင်းဖြစ်ပါတယ်။
Best Progress Brand – Hyundai
By admweb
January 14, 2021
0 Comments
Hyundai Myanmar Motor ဟာ SKD (Semi-Knock Down) စနစ်ကို ပြီးခဲ့တဲ့ 2019 ခုနှစ်ကတည်းက စတင်ခဲ့တာပါ။ စတင်တုန်းက Accent model တစ်မျိုးကိုသာ ထုတ်လုပ်ခဲ့ပြီးနောက် Grand i10,Creta နဲ့…
No comments yet! You be the first to comment.