ကောင်းမွန်တဲ့ ယာဉ်မောင်းသူတစ်ဦးဖြစ်စေဖို့ ဘာတွေလိုအပ်သလဲ…
နိုးကြား သတိရှိခြင်း : ကားမောင်းနှင်နေစဉ် တစ်လျောက်လုံး နိုးကြား သတိရှိမှုသည် အရေးကြီးပါသည်။ ဖုန်းပြောဆိုခြင်း ၊ အလုပ်အကြောင်းတွေးတောခြင်း ၊ ရည်းစားအကြောင်းတွေးတောခြင်း များရှောင်ရှား ရပါမည်။ ကားမောင်းနှင်သူသည် မိမိ၏ ကားပတ်ချာလည် ( ရှေ့၊ နောက် ၊ ဘယ် ၊ ညာ ) ကို အမြဲ သတိထား နေရပါမည်။ မိမိပတ်ဝန်းကျင်အနေအထားကို သိရှိထား မှ ၎င်းတို့မှ တစ်ဆင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ပေလိမ့်မည်။ကြိုတင် မှန်းဆ တွေးခြင်း : မိမိယာဉ်ပတ်ဝန်းကျင်အနေအထားကို အမြဲသတိမူနေမှသာ ၎င်းတို့နှင့် ဆက်စပ်ပြီး ပေါ်ပေါက်လာနိုင်သော အန္တရာယ်များ ကို ကာကွယ်ရန် ကြိုတင်မှန်းဆ ထားနိုင်ပါမည်။ ဥပမာ – လမ်းဖြတ်ကူး သူများ ၊ ဘက်စ်ကားပြိုင်မောင်းသူများ ကြောင့် ၎င်းတို့အနီးရှိ တစ်ခြားကား များမိမိဘက်သို့ယိုင်လာခြင်း ၊ မိမိ လမ်းကြောပေါ်သို့ရောက်လာခြင်း စသည်တို့ဖြစ်လာနိုင်သော ခြင်းများကို ကြိုတင်တွေးတော မှန်း ဆထား ရပါမည်။ အဆိုးဆုံးဖြစ်လာနိုင်မည့် အခြေအနေကို မှန်းဆ ထားပြီး ရှောင်ရှားနိုင်ပေမည်။ ဤသို့သော အခြေအနေပေါ်ပေါက်လာပါက ၉၀ % ခန့်သော ယာဉ် မောင်းများသည် အမှားများကို ပြုလုပ်မိကြသည် ။ ကြိုတင် တွေးတော မှန်းဆထားခြင်းသည် အန္တရာယ်ကျရောက်ခြင်း ၊ ယာဉ်မတော် တဆဖြစ်ခြင်း စသည်တို့မှ ရှောင်ရှားနိုင်ရန် ၇၅% ခန့်အခွင့်အရေးပိုများပါသည်။ကားတစ်စီးနှင့် တစ်စီး ခွာမောင်းခြင်း : ရန်ကုန် တွင်မောင်းနှင်ခြင်းဖြစ်စေ ၊ စင်ကာပူ ၊ အမေရိကန် တွင်မောင်းနှင်နေသောယာဉ်မောင်းများသည် မိမိရှေ့ယာဉ်နှင့် လိုအပ်သောအကွာအဝေး ထက် ပိုမိုကပ်ကာ မောင်းနှင်လေ့ရှိကြသည်။ ယာဉ် မောင်းများသည် မိမိရှေ့သို့အခြားယာဉ် ဖြတ်မဝင်ရန် ( သို့) တစ်စုံတစ်ခု ဖြစ်ပေါ်လာပါက အချိန်မီ ဘရိတ်အုပ်ထိန်းချုပ်နိုင်မည် ဟု ထင်ကြပြီး ကပ်ပြီးမောင်းနှင်လေ့ရှိကြသည်။ အနည်းဆုံး မိမိရှေ့ကား နောက်ဘီးတာယာနှင့် မြေကြီးထိစပ် နေသည့် အပိုင်းကို မြင်နိုင်သည့်အနေအထားမှ ခွာပြီး ရပ်သင့်ပါ သည်။ တစ်နာရီ မိုင် ၃၀ အထက် မောင်းနှင်နေသော အချိန်တွင်မူ ယာဉ်တစ်စီးနှင့် တစ်စီးကြား ၂ စက္ကန့်ခန့်ခွာ မောင်းရပါမည်။ သို့ပါမှ ပြန်လည်တုန့်ပြန်ရန် နှင့် ဘရိတ်အုပ်ရန် အချိန်ရပါမည်။ Nissan GT-R ကဲ့သို့သော ကားများ ကို Alcon brake kit မျိုးသုံးထားပြီး အဆင့်မြှင့်ထားနိုင်သော်လည်း လူသားတစ်ယောက်၏ တုန့်ပြန်မှု နှင့် ဘရိတ်ပေါ်သို့ခြေထောက်အပြောင်းအရွေ့ကြာချိန် ကိုတော့ အဆင့်မမြှင့်နိုင်ပေ ။ ယေဘုယျအားဖြင့် တစ်နာရီ ၃၅ မိုင်နှုန်းဖြင့်သွားနေသော ကားတစ်စီးအား လုံးဝရပ်တန့်ရန် ၁၀၆ ပေခန့်အကွာအဝေးတစ်ခုလိုပါသည်။ အန္တရာယ် အား မြင်ခြင်းနှင့် မိမိခြေထောက်ဘရိတ် ပေါ်သို့ရောက်ခြင်း နှစ်ခုကြားတွင် သင့်ကားသည် ၃၈ ပေ ခန့်သွား ပြီးဖြစ်သည်။ တစ်နာရီ၆၅ မိုင်နှုန်း ဖြင့်သွားလာနေသော အဝေးပြေးလမ်းမျိုးတွင် မိမိကားလုံး၀ ရပ်သွားရန် ၃၀၅ ပေလိုအပ်ပါသည် ။ ( ၎င်းအကွာအဝေးသည် ဘောလုံးကွင်းတစ်ကွင်းစာ ခန့်ရှိပါသည် )။ အထက်ပါ အတွက်အချက် နံပါတ်များည် ကောင်း မွန်သော ဘရိတ်စနစ်နှင့် ကောင်းမွန်သောလမ်းအခြေအနေတို့မှ အခြေခံ တွက်ချက်ထားခြင်းဖြစ်ပါသည်။ ဘေးအန္တရာယ်ကင်းရှင်းရေး : မြန်မာပြည်ရှိ လမ်းများတွင် အမှုအခင်းများ နှစ်စဉ်နှင့်အမျှ တိုးပွားလျက်ရှိသည်။ ထိုသို့ဖြစ်ရခြင်းအခြေခံ အကြောင်းရင်း နှစ်ချက်မှာ ကားမောင်း နေစဉ် မိမိဘေးပတ်ဝန်းကျင်အား သတိမမူခြင်း နှင့် မိမိတို့ကားတံခါးများအား “ Lock’’ သေချာမချထားခြင်း တို့ဖြစ်သည်။ ကားစ တင်မောင်းနှင်သည်နှင့်တပြိုင်နက် ကားတံခါးများ အား “Lock’’ ချထားရန် အရေးကြီးပါသည်။ သို့မှသာ မိမိယာဉ်အတွင်းသို့ အန္တရာယ်ပြုရန် ဝင်လာမည့်အခွင့်အရေးမှ ကာကွယ်နိုင်မည်။ အထူးသဖြင့် မီးပွိုင့်ကဲ့သို့သောနေရာများတွင် စောင့်ဆိုင်းနေစဉ် မိမိယာဉ်အနား သို ့အန္တရာယ်ပြုရန် ချဉ်းကပ်လာသော သူများ မိမိအားချက်ချင်း ရန်မပြုနိုင်ရန် အထောက်အ ကူပေးပါမည် ။ တစ်စီးနှင့်တစ်စီး ခွာရပ်ခြင်းကို အသုံးချပြီးလည်း အရှိန်ဖြင့် ရုတ်တရက် မောင်းထွက်သွားနိုင်ပေမည်။ ကားထိမိပွန်းပဲ့ခြင်းသည် မိမိအသက်အန္တရာယ်အား ခြိမ်းခြောက်ခံ ရခြင်းနှင့် ယှဉ်ပါက မပြောပလောက်ပေ ။အထက်ပါအချက် ( ၄ ) ချက်အား လိုက်နာမောင်းနှင်ခြင်းအားဖြင့် ယာဉ်မောင်းများအနေဖြင့် မိမိနှင့် မိမိ ယာဉ် များ ဘေးအန္တရာယ် ကျရောက်ခြင်းမှ လျော့ပါးစေမည်ဖြစ်ပါသည်။ တစ်ခါတစ်ရံ တစ်လက်မ နှစ်လက်မခန့်ရှေ့တိုး နိုင်ခြင်းထက် အန္တရာယ် ကင်းစွာ နည်းနည်းအနောက်ရောက်ခြင်းက ပိုမိုကောင်းပါသည်။