Covid-19 ကာကွယ်ဖို့ ကားအတွင်းပိုင်းကို အရက်ပြန်ပါဝင်တဲ့ alcohol sanitizers တွေ နဲ့သန့်ရှင်းရေးလုပ်တာက သင့်ကားကို ဘယ်လိုဆိုးကျိုးတွေရစေနိုင်သလဲ…

အရက်ပြန်ပါဝင်တဲ့ alcohol sanitizers တွေကကျွန်ုပ်တို့၏ ကိုယ်ခန္ဓာနှင့်အိမ်မျက်နှာပြင်များ မှာ Covic-19 လိုပိုးမွှားတွေကို နှိမ်နင်းရာမှာ အသုံးဝင်ပေမယ့်လည်း အရက်က ကားအတွင်းပိုင်း က ပစ္စည်းများကို ပျက်စီးစေနိုင်ပါတယ်။ သင်၏လက်ပေါ်တွင်အရက်များစွာပါဝင်သောလက်သန့်ဆေးဆေးကိုပွတ်သပ်ပြီးနောက်သင့်အနေနဲ့အသားအရေခြောက်သွေ့နေတာကို ခံစားရမိမှာဖြစ်ပါတယ်။ အရက်က သူနဲ့ထိတွေ့တဲ့အရာတွေကို ခြောက်သွေ့စေတတ်လို့ဖြစ်ပါတယ်။ ကျွန်ုပ်တို့၏ကားအတွင်းပိုင်းကို သားရေ၊ ပလတ်စတစ်၊ ဗီနိုင်းနှင့်ပိုရီပိုရမ် (သုတ်ဆေးနဲ့ ပလတ်စတစ် ဖော့လုပ်ရာမှာသုံးတဲ့ ပစ္စည်း) ကဲ့သို့သော ပစ္စည်းများဖြင့ ်ဖွဲ့စည်းတည်ဆောက်ထား သောကြောင့် မျက်နှာပြင်များကိုသန့်ရှင်းစင်ကြယ်စေရန်အရက်အမျိုးအစားများကို အသုံးပြုရင် ယင်းတို့ရဲ့တာရှည်ခံမှုကို လျော့ကျစေနိုင်ပါ တယ်။ အဘယ်ကြောင့်ဆိုသော်အရက်သည် သားရေနှင့်ဗီနိုင်းများကို ကာကွယ်ထားတဲ့ အရောင်တင်ဆီတွေကို ခန်းခြောက်စေလို့ပါ။ ပြီးတော့ အရက်ပါဝင်တဲ့အရာတွေက သစ်သားတွေ၊ပလတ်စတစ်တွေကိုလည်း ပျက်စီးစေတတ်ပါတယ်။ ဒါဆိုရင် ကားအတွင်းခန်းရှိ ပိုးမွှားများကို သန့်ရှင်းရေးအတွက်သင်ဘာကိုအသုံးပြုသင့်ပါသလဲ… ကားအချို့တွင်ဖြုတ်တပ်နိုင်သောထိုင်ခုံကူရှင်ပါလို့ ထိုင်ခုံအဖုံးများကိုအလွယ်တ ကူဖယ်ရှားနိုင်ပြီး အဝတ်လျှော်စက်နဲ့ လျှော်ဖွတ်နိုင်ပါတယ်။ သင့်ကားရဲ့လေအေးပေးစက်ယူနစ်ကိုသန့်ရှင်းဖို့အတွက် cabin air filter တွေကိုဖြုတ်ဆေးနိုင် ပါတယ်။ အကောင်းဆုံးကတော့ disinfecting service တွေဆီကိုသွားပြီး စနစ်တကျသန့်ရှင်းရေးလုပ်ရင်ပိုကောင်းပါတယ်။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *