SUV ကားအမျိုးအစား မော်တော်ယာဉ် သီးသန့်ပြပွဲ ပြုလုပ်မယ်

CarsDB မှ ဦးစီးကျင်းပတဲ့ SUV ကားအရောင်းပြပွဲ အတွက် သတင်းစာရှင်းလင်းပွဲကို သြဂုတ်လ ၁ ရက်နေ့က ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
SUV ကားအရောင်းပြပွဲမှာတော့ BMW/GAC/Hyundai/Jaguar Land Rover/Toyotaနဲ့Volvoတို့မှ SUV ကားအမျိုးအစား (၁၅) မျိုးကို ပြသရောင်းချသွားမှာ ဖြစ်ပြီး မော်တော်ယာဉ် အပိုပစ္စည်းရောင်းချတဲ့ ဆိုင်တွေ၊မော်တော်ယာဉ်နဲ့ ဆက်စပ်တဲ့ ဝန်ဆောင်မှုအမျိုးမျိုးကို ဆောင်ရွက်ပေးတဲ့ လုပ်ငန်းတွေကလည်း ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။
အဆိုပါ SUV ကားအမျိုးအစား မော်တော်ယာဉ် သီးသန့်ပြပွဲကို သြဂုတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် ရန်ကုန်မြို့ Novotel Hotel မှာ မနက် ၁၀ နာရီမှ ည၈ နာရီအထိ ကျင်းပပြုလုပ်သွားမယ်လို့လဲ သိရပါတယ်။
(အပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုနိုင်ပါတယ်)