၀န်ထမ်းများကိုအဆင့်အလိုက် ကားပါမစ်ထုတ်ပေးခြင်း

ပြည်သူ့ဝန်ထမ်းတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အဆင့် ( ၂ ) ဆင့်ခွဲကာ ကားပါမစ်ချပေးခြင်းကို ကြိုဆိုကြောင်းနဲ့
( ၂၅ ) နှစ်တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းတွေအနေနဲ့ အကျိုးခံစားခွင့်ရှိသင့်တယ်လို့
မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်း ( ရန်ကုန် ) မှ ဒုတိယဥက္ကဋ္ဌ ဦးခိုင်စိုးကပြောပါတယ်။

ပထမအဆင့်အနေနဲ့ လုပ်သက် ( ၂၅ ) နှစ်နဲ့အထက် နိုင်ငံဝန်ထမ်းကောင်းတံဆိပ်ရရှိထားတဲ့လူတွေနဲ့ ညွှန်ကြားရေးမှူးချုပ်အဆင့်နဲ့အထက်လူတွေကို ကားပါမစ်ချပေးသွားမည်ဖြစ်ကာ ၊ ဒုတိယအဆင့်အနေနဲ့ အောက်ခြေဝန်ထမ်းများအထိ ကားတင်သွင်းခွင့်ပြုမယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်အပေါ်ကို အခုလိုပြောခဲ့ခြင်းဖြစ်ပါတယ်။

အစိုးရဝန်ထမ်းတွေအပေါ်ကို ကားပါမစ်ထုတ်ပေးဖို့ဆောင်ရွက်နေခြင်းအပေါ်ကို ကန့်ကွက်မှုများလည်းရှိနေပြီးတော့ ၊ အခွန်ပေးဆောင်ပြီး မော်တော်ယာဉ်တင်သွင်းနေတဲ့ အဖွဲ့အစည်းတွေက ကန့်ကွက်ကြောင်း နိုင်ငံတော်သမ္မတရုံးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တင်ပြထားတယ်လို့သိရပါတယ်။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *