သားဖြစ်သူအတွက် လက်လုပ် Lamborghini ပြိုင်ကားတစ်စီးကို 3D printer နဲ့ တစ်နှစ်ခွဲကျော်ကြာ ဖန်တီးနေတဲ့မိသားစုကို တစ်ကယ့်ပြိုင်ကားအစစ်နဲ့စပရိုက်လုပ်ခဲ့တဲ့ Lamborghini ကုမ္ပဏီ

ကော်လိုရာဒိုပြည်နယ် ၊ အီရီးမြို့မှာနေထိုင်ကြတဲ့ Lamborghini ရဲ့ ( Aventador Replica ) ကားအမျိုးအစားကို 3D printer အကူအညီနဲ့ တစ်နှစ်ခွဲကြာအောင် လက်နဲ့ပြုလုပ်ဖန်တီးနေတဲ့ မိသားစုကို လန်ဘိုဂီနီကုမ္ပဏီက ခရစ်စမတ်လက်ဆောင်အဖြစ် သူတို့ဖန်တီးနေတဲ့ Lamborghini ( Aventador Replica ) ကားအမျိုးအစားကို တကယ့်ကားအစစ်နဲ့ အစားထိုးပြီး စပရိုက်ပြုလုပ်ခဲ့ပါတယ်။ Lamborghini ကုမ္ပဏီက
လက်လုပ်ကားကို ကားအစစ်နဲ့လဲလှယ်မှုကို မိသားစုထဲမှာအဖေတစ်ယောက်ကိုပဲအသိပေးပြီးပြုလုပ်ခဲ့တာပါ။

ကော်လိုရာဒိုပြည်နယ်က Backus မိသားစုမှ အသက် ၁၁ နှစ်အရွယ် သားငယ် Xander Backus က သူရဲ့ အဖေဖြစ်သူနဲ့ ပြိုင်ကားမောင်းတဲ့ Game ကစားရင်း Game ထဲမှာ သူနှစ်သက်တဲ့ Lamborghini ( Aventador Replica ) ကားကို အပြင်မှာစီးဖူးချင်တဲ့အကြောင်း ပူဆာတဲ့အတွက် သူ့သားငယ်ကို 3D printer အကူအညီနဲ့ လက်လုပ်ကားတစ်စီးဖန်တီးပေးခဲ့တာပါ။ ဖန်တီးနေချိန် ၁ နှစ်ခွဲအတွင်းမှာ သူတို့ရဲ့ လက်လုပ်ပြိုင်ကားသတင်းဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ လူအများစိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ ဒါကို သတိပြုမိတဲ့ Lamborghini ကုမ္ပဏီက သားဖြစ်သူ Xander Backus ရဲ့ ဆန္ဒတွေပြည့်ဝစေဖို့နဲ့ အဖေဖြစ်သူရဲ့လုပ်အားကို အသိအမှတ်ပြုတဲ့အနေနဲ့ သူတို့ သားအဖစီးဖို့ Lamborghini ( Aventador Replica ) ကားသစ်တစ်စီးကို ငှားရမ်းခဲ့တာပါ။

ငှားရမ်းမှုကြာချိန်ကိုတော့ အတိအကျဖော်ပြထားခြင်းမရှိပေမယ့် ဒီ ခရစ်စမတ်ပိတ်ရက်အတွင်းမှာတော့ သူတို့သား၊အဖဟာ Lamborghini ( Aventador Replica ) ပြိုင်ကားနဲ့စိတ်ကြိုက်လည်ပတ်နိုင်ကြမှာပဲဖြစ်ပါတယ်။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *