ကမ္ဘာ့အမြန်ဆုံးကားတွေထဲမှာ အမြဲတမ်းပါဝင်နေတာက Sport ကားတွေဖြစ်ပါတယ်။ တစ်လောကတော့ SSC Tuatara ကအမြန်ဆုံးစံချိန်တင်ထားခဲ့ပေမယ့် နိုင်ငံတကာမီဒီယာအချို့က သံသယဖြစ်ဖွယ်ရာတွေရှိနေတယ်လို့ ဖော်ပြခဲ့တာကြောင့် နောက်တစ်ကြိမ်ထပ်ပြီး အစမ်းသပ်ခံရဦးမှာဖြစ်ပါတယ်။ ဒီတော့ လက်ရှိ အမြန်ဆုံးစာရင်းကသာ အကျုံးဝင်ဦးမှာပါ။ ဒီစာရင်းထဲမှာလည်း စပေါ့ကားအများစုကသာ ဦးဆောင်နေပါတယ်။…
လျင်မြန်စွာတိုးတက်နေတဲ့ ကမ္ဘာ့ကားဈေးကွက်က ပြိုင်ဆိုင်မှုအရမ်းကို ပြင်းထန်သလို ဈေးကွက်နဲ့အသင့်တော်ဆုံးသူတွေပဲ ရှင်သန်နိုင်တော့မှာဖြစ်ပါတယ်။ ကားဘရန်း တွေရဲ့အောင်မြင်မှုက အရောင်းနဲ့ပဲတိုင်းတာရမှာဖြစ်ပြီး ကားတန်ဖိုးအပေါ်မူတည်ပြီး အရောင်းပမာဏကတော့ ကွာခြားသွားမှာပါ။ ဒီလိုတွက်ချက်ထားရာမှာ ကားဘရန်းတစ်ခုချင်းထက် ပင်မ group လိုက်တွက်ချက်ဖော်ပြပေးထားတာဖြစ်ပါတယ်။ ဒီတော့ ပြီးခဲ့တဲ့ 2018…
CHANGHE Q35 က မြို့တွင်းရော၊ ဟိုင်းဝေးမှာပါ မောင်းနှင်နိုင်ပြီး ကျစ်ကျစ်လျစ်လျစ် ဘော်ဒီဆိုက်ကြောင့် အမျိုးသမီးတွေပါ ကြိုက်နှစ်သက်ကြမယ့် ကားလေးဖြစ်ပါတယ်။ ဒါ့အပြင် CHANGHE Q35 ဟာဆိုရင် တန်ဖိုးသင့်ခြင်း၊ဆီစားချိုသာခြင်းနဲ့ မိသားစုသုံးအတွက် အဆင်ပြေနိုင်ခြင်းစတဲ့ အချက်တွေနဲ့ ပြည့်စုံတဲ့ကားတစ်စီးဖြစ်ပါတယ်။…
ကမ္ဘာအနှံ့က နိုင်ငံ့ခေါင်းဆောင်တွေ၊ သူဌေး၊သူကြွယ်တွေက ကိုယ်ပိုင် jet လေယာဉ်တွေဝယ်စီးကြသလို သူတို့ရဲ့လုံခြုံရေးအတွက်လည်း ကောင်းပေ့ဆိုတဲ့ ဇိမ်ခံကားတွေသာမကဘဲ ကျည်ကာကားတွေကိုပါ ဝယ်စီးပြီး အသက်အန္တရာယ်ကို ကာကွယ်လေ့ရှိကြပါတယ်။ ဒါကြောင့် အခုအစီအစဉ်မှာတော့ ကမ္ဘာ့ထိပ်တန်းတန်ဖိုးကြီး ကျည်ကာကားတွေအကြောင်း ဖော်ပြပေးလိုပါတယ်။













