Mitsubishi ပြန်လည်ဆန်းသစ်ခြင်း

Mitsubishi Motors Myanmar မှ ပြန်လည်ဆန်းသစ်ခြင်းဆိုတဲ့ New ASX မိတ်ဆင်ခြင်းနဲ့ pre order လက်ခံခြင်းအခမ်းအနားကို ဇူလိုင် ၃၀ ရက်နေ့က ရန်ကုန်မြို့ Pan Pacific Hotel မှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားမှာMitsubishiMotorsရဲ့သမိုင်းကြောင်း၊ လက်ရှိကျင့်သုံးနေတဲ့ခံယူချက်တွ၊ နည်းပညာတွေနဲ့ မြန်မာနိုင်ငံကားဈေးကွက်အတွက် ပြုလုပ်သွာမယ့် အစီအစဉ်တွေ ကိုရှင်းလင်းပြောဆိုခဲ့တာပါ။

ထို့အပြင် Mitsubishi Motors ရဲ့ Brand Ambassador တွေဖြစ်တဲ့ အဆိုတော်ဂရေဟမ်နဲ သမီးပန်းရောင်ခြယ်တို့ မိသားစုကိုပါ မိတ်ဆက်ပေးသွားခဲ့ပါတယ်။

နောက်ထပ်အစီအစဉ်အနေနဲ့ Mitsubishi Motors ရဲ့မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ် MM cars Myanmar Ltd မှတင်သွင်းမိတ်ဆက်တဲ့ New ASX ကိုပါမိတ်ဆက်ပေးသွားခဲ့ပါတယ်။

အဆိုပါ ASX ကို Pre order အနေနဲ့မှာယူမယ်ဆိုရင် အမေရိကန်ဒေါ်လာ 42900 ကျသင့်မှာဖြစ်ပြီး နိုဝင်ဘာလတွင်ကားများ ရရှိနိုင်မယ်လို့လည်း သိရပါတယ်။

(အပြည့်အစုံကို ရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်)

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *