Brand History – Scania

Scania ကားကန်ပနီဟာ ဆွီဒင်နိုင်ငံအခြေစိုက်ဖြစ်ပြီး 1911 ကတည်းကစတင်တည် ထောင်ခဲ့ တာဖြစ်သလို Vabis (ဗာဘစ်နဲ့ မယ်လ်မို)တို့မှာအဓိက စက်ရုံတွေထားရှိကာ ရုံးချုပ်ကတော့ ဗာဘစ်မှာဖြစ်ပါတယ်။ Scania ရဲ့အဓိကထုတ်ကုန်ကတော့ commercial vehicles တွေဖြစ်တဲ့ trucks ကားတွေနဲ့ bus ကားတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် heavy vehicles တွေအတွက်လည်း diesel engines တွေထုတ်လုပ်ပေးသလို ရေယာဉ်တွေအတွက်လည်း အင်ဂျင်တွေထောက်ပံ့မှုပေးထားပါတယ်။
စတင်တည်ထောင်ကာစက ကားရထားတွေသာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး စက်ဘီးတွေလည်း ထုတ်လုပ်ခဲ့ပါသေးတယ်။ 1911 ရောက်မှသာ လူစီးဇိမ်ခံကားတွေ၊ commercial vehicles တွေဖြစ်တဲ့ trucks ကားတွေနဲ့ အင်ဂျင်တွေကို ထုတ်လုပ်လာခဲ့ပါတယ်။ 1913 မှာတော့ ဆွီဒင်မင်းသားကားရ်ဟာ 1913 Scania-Vabis 3S ဇိမ်ခံကားကို ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။ 1919 မှာတော့ Scania အနေနဲ့ ထရက်ကားထုတ်လုပ်မှုကိုသာအာရုံစိုက်လာခဲ့သလို ယုံကြည်စိတ်ချရတဲ့ Brand တစ်ခုဖြစ်အောင် တည်ဆောက်နိုင်ခဲ့ပြီး commercial vehicles ဈေးကွက်ကို တဖြည်းဖြည်းလွှမ်းမိုးလာနိုင်ခဲ့ပါတယ်။
Scania ကို Saab ကားထုတ်လုပ်ရေး၊ Volvo နဲ့ MAN တို့က ပိုင်ဆိုင်ခဲ့ဖူးပေမယ့် လက်ရှိမှာတော့ Volkswagen Group ကပိုငဆိုင်ထားပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ Scania ယာဉ်တွေကို Sweden, France, Netherlands, India, Argentina, Brazil, Poland, Russia, Finland တို့မှာထုတ်လုပ်မှုတွေရှိနေသလို အာရှနဲ့ အာဖရိကတို့မှာလည်းတိုးချဲ့ထုတ်လုပ်မှုတွေ ရှိနေပါ သေးတယ်။
2012 စာရင်းတွေအရဆိုရင် ကန်ပနီမှာဝန်ထမ်းအင်အား 42,100 ရှိပြီး အမြတ်အဏန်းက ဆွီဒင်ငွေကြေး 3.243 billion ရှိနေပြီလို့သိရပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း Octagon International Services Co.,Ltd ကနေပြီးတော့ တစ်ဦးတည်းကိုယ်စားလှယ်အနေနဲ့ Scania Trucks နဲ့ ဘတ်စ် တွေကို တင်သွင်းရောင်းချပေးနေပါတယ်။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *