Best Design Car in Myanmar 2020 – Mazda 3

အကောင်းဆုံး ဒီဇိုင်းကားအဖြစ် All New Mazda 3 ကိုရွေးချယ်ရခြင်းရဲ့ အဓိကအကြောင်းတွေပြောပါဆိုရင် အလုံးစုံပြောင်းလဲထားတဲ့ ဒီကားက က Kodo Design ရဲ့နောက်ထပ်မြင့်မားတဲ့ လှပခန့်ညားမှုအတတ်ပ ညာစွမ်းကို ခံစားမြင်တွေ့ခဲ့ရသလို စွဲဆောင်မှုရှိခြင်း ၊ ကျယ်ဝန်းသပ်ရပ်ခြင်း၊…

အကောင်းဆုံး ဒီဇိုင်းကားအဖြစ် All New Mazda 3 ကိုရွေးချယ်ရခြင်းရဲ့ အဓိကအကြောင်းတွေပြောပါဆိုရင် အလုံးစုံပြောင်းလဲထားတဲ့ ဒီကားက က Kodo Design ရဲ့နောက်ထပ်မြင့်မားတဲ့ လှပခန့်ညားမှုအတတ်ပ ညာစွမ်းကို ခံစားမြင်တွေ့ခဲ့ရသလို စွဲဆောင်မှုရှိခြင်း ၊ ကျယ်ဝန်းသပ်ရပ်ခြင်း၊ ကြံ့ခိုင်ခြင်း၊ ကျစ်လျစ် တောက်ပပြီး စတိုင်ကျတဲ့ ခံစားမှုတွေကို ရရှိအောင်တစ်ပြိုင်နက်တည်း ရရှိစေပါလိမ့်မယ်။ All New Mazda 3 က 2020 ရဲ့ World Car Design of the Year award ကိုလည်းပူပူ နွေးနွေးရရှိထားတဲ့ ကားတစ်စီးလည်းဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီကားက သဘာဝတရားကိုအခြေခံထားပြီး ကားအ သုံးပြုသူတွေအတွက် အမှန်တကယ်ကိုသက်သောင့်သက်သာဖြစ်စေမှု၊ driving experience နဲ့ elegant ဖြစ်စေမှုစတဲ့အရာတွေကို ထည့်သွင်းတည်ဆောက်ပေးထားပါတယ်။ ဒီကားမှာ ရှေ့မီးကြီးတွေကို Kodo Design ဖြစ်တဲ့ သားရဲတစ်ကောင်၏ မျက်လုံးပုံစံမျိုး ဖန်တီးထားကာ ကားအရှေ့ဒီဇိုင်း Grille ကိုလည်း Mazda ရဲ့ ကိုယ်ပိုင်အသွင်အပြင်ဖြစ်တဲ့ Mazda Wing Grille ပုံစံကို အသုံးပြုထားပါတယ်။ ဒါ့အပြင် Shape တွေကိုလည်း လိုက်ဖက်အောင် ရွေးချယ်သုံးစွဲတန်ဆာဆင်ထားပါတယ်။ ဒီဇိုင်းပိုင်း ကိုသုံးသပ်ရရင် ALL-New ဒီဇိုင်းတွေဖြစ်လို့ မြင်နေကြ Mazda Design လှလှတွေကို စတိုင်ကျပြီး ဆွဲဆောင်မှုရှိတဲ့ပုံမျိုးဖြစ်အောင်ထပ်မံ ပြုလုပ်ထားသလိုမျိုး ခံစားမိပါတယ်။ လှပပြီး အားလုံးနဲ့ကွဲထွက်နေတဲ့ Color Tone အသစ်တွေကိုလည်း ရရှိနိုင်မှာဖြစ်လို့ All New Mazda 3 က ဒီနှစ်အတွက်တော့ ဒီဇိုင်းပိုင်းမှာ စိတ်လှုပ်ရှား ကျေနပ်မှုအပြည့်အဝပေးနိုင်တဲ့ ကားတစ်စီးလို့ ဆိုလိုက်ပါရစေ။