Mitsubishi အနေနဲ့ ယခင်နဲ့မတူတော့တဲ့ Design Theme ကိုပြောင်းလဲပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ကား Design တွေမှာတူညီတဲ့ Dynamic Shield ပုံစံတွေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ Dynamic Shield ဆိုတာ က ရုပ်ထွက်ပိုင်းကိုဆွဲဆောင်မှုအပြည့်ရရှိစေရုံသာမကဘဲ လေခွင်းအားကောင်းမယ်။ ယာဉ်မောင်းသူနဲ့ စီးနင်း သူတွေကို ဒိုင်းပုံစံမျိုးနဲ့ safety ဖြစ်အောင်ကာကွယ်ပေးမယ်။ ဒီအချက်တွေကြောင့် နာမည်ကျော်လာရခြင်း ဖြစ်ပါတယ်။ Dynamic Shield နဲ့အတူ Home Coming light ပါတဲ့ ခေတ်ဆန်တဲ့ ဒီဇိုင်းပုံစံ ရှေ့မီးကြီး စနစ်ကလည်း ကားကိုပိုပြီးဆွဲဆောင်မှုရှိစေပါတယ်။
အခု Best MPV အဖြစ်ရွေးချယ်ခံရတဲ့ Mitsubishi X Pander ဟာဆိုရင် ၇ ယောက်စီးအမျိုးအစား မိသား စုသုံးဖြစ်ပြီး သက်သောင့်သက်သာဖြစ်စေမယ့် ထိုင်ခုံတွေကို အသုံးပြုပေးထားသလို နောက်ခုံတွေကိုလည်း လိုသလိုခေါက်သိမ်းနိုင်ဦးမယ်။ ပြီးတော့ Round Air Con စနစ်ပါသလို စတီယာရင်ကလည်း လိုသလို Adjust လုပ်နိုင်ပါသေးတယ်။ 10 လက်မ Android TV ပါရှိပြီး ရိုးရှင်းပြီး အသုံးပြုရလွယ်မယ့် system တွေထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် ကားတစ်စီးလုံးမှာ ပစ္စည်းထည့်စရာနေရာအတော်များများပါရှိသလို ဆီစားသက်သာစေမယ့် 1.5L ဓါတ်ဆီအင်ဂျင်နဲ့အတူ 4 Speed auto transmission ကိုသုံးထားပါတယ်။ ပြင်ပ ဆူညံသံတွေကို လျှော့ချပေးနိုင်ပြီး မိသားစုသုံးအတွက် အဆင်ပြေစေမယ့် MPV တစ်စီးဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် X Pander ကိုအကောင်းဆုံး MPV အဖြစ်ရွေးချယ်ရခြင်းဖြစ်ပါတယ်။
Engine Power – 1.5 L Petrol
Maximum Power – 105 HP
Maximum Torque – 141 Nm
Transmission – CVT 4 Speed A/T