ခရီးသည်များဘေးကင်းလုံခြုံရေးအတွက် YBS အထူးယာဉ်မောင်းသင်တန်းကိုတက်ရောက်ကြရန် YRTA တွဲဖက်အတွင်းရေးမှူးတိုက်တွန်း

၃ နှစ်ယာဉ်မောင်းသက်တမ်းရှိရုံနဲ့ သင်တန်းတက်ပြီး ယာဉ်ကြီးတွေမောင်းနှိင်မယ့် YBS အထူးယာဉ်မောင်းသင်တန်းကို ဝါရင့် ဘတ်စ်ကားမောင်းနှင်သူတွေရော ၊ ဝါနုသေးတဲ့ ဘတ်စ်ကားယာဉ်မောင်းတွေပါ ပိုမိုကျွမ်းကျင်တဲ့ယာဉ်မောင်းတစ်ယောက်ဖြစ်ပြီး ခရီးသည်တွေကိုဝန်ဆောင်မှုကောင်းကောင်းပေးနိုင်ဖို့ YBS အထူးယာဉ်မောင်းသင်တန်းကိုတက်ရောက်ကြရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ( YRTA ) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကတိုက်တွန်းပြောဆိုခဲ့ပါတယ်။
သင်တန်းတက်ရောက်ဖို့အတွက် စိတ်ပညာစစ်ဆေးခြင်း ၊ အမြင်အာရုံ ၊ အကြားအာရုံစစ်ဆေးခြင်းတွေကို ဦးစွာပြုလုပ်ရမည်ဖြစ်ပြီး ၊ သင်တန်းတက်ရောက်နေစဉ်အတွင်းမှာ ယာဉ်မောင်းနှင်ခြင်း ဘာသာရပ် ၊ အင်ဂျင်နီယာဘာသာရပ် ၊ ခရီးသည်ဝန်ဆောင်မှုပေးခြင်းနဲ့သက်ဆိုင်တဲ့ သင်ခန်းစာတွေကို သင်တန်းကာလတစ်လအတွင်း စနစ်တကျသင်ကြားပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *