YBS ကား‌ေတွအားလုံးရဲ့တည်နေရာကို ဖုန်း Screen မှကြည့်ရှုပြီး ရွေးချယ်စီးနင်းနိုင်မယ့် App တစ်ခုကို အနာဂတ်တွင်ဖြစ်ပေါ်လာအောင် YRTA ဆောင်ရွက်နေ

ရန်ကုန်မြို့ပေါ်မှဘက်(စ်)ကားများအားလုံး၏ တည်နေရာကို ဖုန်းScreen မှ ကိုယ်တိုင် ကြည့်ရှုရွေးချယ်စီးနင်းနိုင်မည့် App တစ်ခု အနာဂတ်တွင်ဖြစ်ပေါ်လာအောင် YRTA အနေနှင့် ကြိုးစားဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောပါတယ်။

လက်ရှိအချိန်မှာ ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ Total Transit For Yangon App နဲ့ City Transit Public Co.Ltd မှ City Transit App တို့မှာ YBS ကားများတည်နေရာကို ဖုန်းScreen မှ ကိုယ်တိုင် ကြည့်ရှုရွေးချယ်စီးနင်းနိုင်မည့် ၀န်ဆောင်မှုပေးလျှက်ရှိပြီး ၊ ယာဉ်လိုင်းတော်တော်များများမှာ ကားများတည်နေရာကို ပြနိုင်တဲ့ App ဖြင့်၀န်ဆောင်ဆောင်ထားနိုင်ခြင်း မရှိသေးပါဘူး။
ဘက်(စ်)ကား ဆိုက်ရောက်ချိန်ကို ကိုယ်တိုင်ကြည့်ရှုဆုံးဖြတ် သွားလာနိုင်တဲ့အတွက် သွားလာရေးအဆင်ပြေစေတဲ့ App များကို ယာဉ်လိုင်းများအားလုံးကိုကြည့်ရှုနိုင်တဲ့ App တစ်ခုအဖြစ် အသုံးပြုနိုင်ဖို့ ခရီးသည်များအလိုရှိနေကြတာပါ။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *