SUV ကားအမျိုးအစား မော်တော်ယာဉ် သီးသန့်ပြပွဲကြီး

CarsDB မှ ဦးစီးကျင်းပတဲ့ SUV ကားအရောင်းပြပွဲ ကို သြဂုတ်လ (၁၀) ရက်ကနေ (၁၁) ရက်နေ့အထိ ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပပြုလုပ်နေပါတယ်။
SUV ကားအရောင်းပြပွဲမှာတော့ BMW/GAC/Hyundai/Jaguar Land Rover/Toyotaနဲ့Volvoတို့မှ SUV ကားအမျိုးအစား (၁၅) မျိုးကို ပြသရောင်းချသွားမှာ ဖြစ်ပြီး အပိုပစ္စည်းရောင်းချတဲ့ ဆိုင်တွေ၊မော်တော်ယာဉ်နဲ့ ဆက်စပ်တဲ့ ဝန်ဆောင်မှုအမျိုးမျိုးကို ဆောင်ရွက်ပေးတဲ့ လုပ်ငန်းတွေကလည်း ပါဝင်ပြသနေပါတယ်။
အဆိုပါ SUV ကားအမျိုးအစား မော်တော်ယာဉ် သီးသန့်ပြပွဲကို ရန်ကုန်မြို့ Novotel Hotel မှာ မနက် ၁၀ နာရီမှ ည၈ နာရီအထိ ကျင်းပပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။
(အပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုနိုင်ပါတယ်)