YBS အစီးရေ ၁၅၀၀ ပေါ်တွင် YBS payment Card စနစ်ကို မကြာမီ အချိန် ၁၈ ရက်အတွင်းအမြန်ဆုံးတပ်ဆင်သွားမည်

YBS အစီးရေ ၁၅၀၀ ပေါ်တွင် YBS payment ကတ်စနစ်ကိုတပ်ဆင်နိုင်ရန် ယာဉ်လိုင်းအလိုက်စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နေပြီး ၊ မကြာခင်အချိန်အတွင်း အဆိုပါလုပ်ငန်းစဉ်များ
ပြီးဆုံးသည်နှင့်တပြိုင်နက် အချိန် ၁၈ရက္ အတွင်း အမြန်ဆုံးအပြီးတပ်ဆင်သွားမယ်လို့
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ
တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောပါတယ်။

သက်ဆိုင်ရာ YBS ကုမ္ပဏီများအားလုံး ပူးပေါင်းဆွေးနွေးဆောင်ရွက်များပြုလုပ်လျှက်ရှိကာ ၊ သက်မှတ်ထားတဲ့ရက်အတွင်း အပြီးတပ်ဆင်နိုင်ရေးအတွက် YRTA နဲ့ ကုမ္ပဏီများဘက်ကလည်း ပြင်ဆင်ထားပြီးဖြစ်ပါတယ်လို့ သိရပါတယ်။

ပိုမိုခေတ်မှီပြီး စနစ်ကျတဲ့ မြို့တစ်ခုဖြစ်လာဖို့အတွက် ကဒ်စနစ်ကိုစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ၊ ဘက်စ်ကားမှတ်တိုင်တွေမှာပါ ယာဉ်စီးခငွေးပေးချေကဒ်ရောင်းချမယ့်နေရာတွေကို
ထည့်သွင်းတည်ဆောက်သွားမယ်လို့ သိရပါတယ်။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *