တက္ကသိုလ်လေးခုချိတ်ဆက်မည့် YBS ယာဉ်လိုင်းအသစ် လာမည့်ဇန်နဝါရီလအတွင်း ကားအစီးရေ ( ၂၇ ) စီးဖြင့် စတင်ပြေးဆွဲမည်

လိူင်သာယာ ( နည်းပညာတက္ကသိုလ် ) ၊ ဆေးတက္ကသိုလ် ( ၂ )၊ ဒဂုံတက္ကသိုလ် နဲ့ စီးပွားရေးတက္ကသိုလ် ( ရွာသာကြီး ) တို့ကို ချိတ်ဆက်ပြေးဆွဲသွားမယ့် အမည်မသတ်မှတ်ရသေးတဲ့ ယာဉ်လိုင်းအသစ်ကို Omni Focus ကုမ္ပဏီမှ ယာဉ်အစီးရေ ( ၂၇ ) စီး နဲ့ လာမည့် ဇန်နဝါရီလအတွင်း ပြေးဆွဲသွားဖို့ စီစဉ်နေတယ်လို့သိရပါတယ်။
ယာဉ်လိုင်းအသစ်ပြေးဆွဲဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရရှိပြီးဖြစ်ကာ ၊ Omni Focus ကုမ္ပဏီက လက်ရှိပြေးဆွဲလျှက်ရှိတဲ့ Fothon ကားအမျိုးအစား ကားတွေကိုပြေးဆွဲသွားမှာပဲဖြစ်ပါတယ်။
ယာဉ်စီးခအနေနဲ့ Omni Focus ကုမ္ပဏီဘက်မှ ခရီးစဉ်စဆုံး ( ၃၀၀ ) ကျပ် နဲ့ နှစ်ပိုင်း ပိုင်းဖြတ်ကောက်ခံခြင်းကို အစိုးရဘက်ကိုတင်ပြထားပြီး ၊ အမြန်ဆုံးပြေးဆွဲနိုင်ဖို့ စီစဉ်ဆောင်ရွက်လျှက်ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ( YRTA ) ထံမှ သိရပါတယ်။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *