ဆီပန့် ဆိုင်ရာ ပြသနာကြောင့် မော်ဒယ်မြင့် Lexus ကားအစီးရေများဆုံးပါဝင်နေတဲ့ Toy

Fuel Pump ( ဆီပန့် ) ဆိုင်ရာ ပြသနာကြောင့် မော်ဒယ်မြင့် LEXUS ကားတွေအများဆုံးပါဝင်နေတဲ့ TOYOTA ကားအစီးရေ ၇ သိန်းနီးပါးကို
ခေတ္တပြန်လည်သိမ်းဆည်းပြုပြင်ပေးသွားမည်

Fuel Pump (ဆီပန့် ) ဆိုင်ရာ ပြသနာကြောင့် LEXUS 2018 နဲ့ 2019 မော်ဒယ်တွေဖြစ်တဲ့ Lexus LS, LC, RC, GS တို့အပါအဝင် 2018 နဲ့ 2019 Toyota ကားမော်ဒယ်များမှ ကားအစီးရေ ၇ သိန်း နီးပါးကို ပြန်လည်ပြုပြင်ပေးဖို့ ခေတ္တပြန်လည်သိမ်းဆည်းသွားမယ်လို့ Toyota ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

Fuel Pump ဟာ မောင်းနှင်နေရင်း ရုတ်တရက်အလုပ်မလုပ်ပဲရပ်တန့်သွားကာ အင်ဂျင်စက်ပါ ရုတ်တရက်သေသွားနိုင်တာကြောင့် မလိုလားအပ်တဲ့ ယာဉ်တိုက်မှုတွေဖြစ်ပေါ်လာခြင်းကို တားဆီးနိုင်အောင် ကားအမြောက်အများကို ပြန်လည်ပြင်ဆင်ပေးဖို့လုပ်ဆောင်ပေးခြင်းဖြစ်တယ်လို့သိရပါတယ်။ ပြန်လည်ပြုပြင်ပေးဖို့လိုအပ်မယ့် TOYOTA ကားမော်ဒယ်တွေရဲ့ ပိုင်ရှင်တွေကို မတ်လထဲမှာ Mail ပို့ပြီး အသိပေးသွားမယ်လို့ TOYOTA ကုမ္ပဏီဘက်က ထုတ်ပြန်ထားပါတယ်။

Fuel Pump ဟာ ရုတ်တရက်ရပ်တန့်သွားတဲ့အခါမှာ အင်ဂျင်အလုပ်လုပ်တဲ့ပုံဟာ ရုတ်တရက်ကြမ်းတမ်းလာမှာဖြစ်ပြီးတော့ ၊ ကားမှာလည်း အချက်ပြမီးတွေ အသီသီးပွင့်လာမှာဖြစ်ပါတယ်။ ဒါဟာ အင်ဂျင်ရုတ်တရက်သေသွားခြင်းကို ဖြစ်ပေါ်စေမှာဖြစ်ပြီးတော့ ၊ Restart ပြန်လုပ်လို့လဲ ရနိုင်မှာမဟုတ်ဘူးလို့လဲ သိရပါတယ်။ အကယ်၍ မြန်နူန်းမြင့်မောင်းနှင်နေတဲ့အချိန်မျိုးမှာ ရုတ်တရက်အင်ဂျင်စက်သေပြီး ၊ ပြန်နိူးမရတဲ့ အခြေအနေတွေဖြစ်လာခဲ့ရင် ယာဉ်တိုက်မှုဖြစ်နိုင်တာကြောင့် ကားအစီးရေ ၇ သိန်းနီးပါးကို ပြန်လည်ပြုပြင်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ TOYOTA မှ အသေးစိတ်ထုတ်ပြန်ထားပါတယ်။

ပြန်လည်ပြုပြင်ဖို့လိုအပ်တဲ့ယာဉ်တွေထဲမှာ 2018 and 2019 model Lexus LS500, LC500, RC350, RC300, GS350, IS300, ES350, LX570, GX460 , RX350 , 2019 model year Lexus NX300, RX350L, GS300 နဲ့ 2018 and 2019 model Toyota 4Runner, Camry, Highlander, Land Cruiser, Sequoia, Sienna, Tacoma, Tundra; တွေနဲ့ 2019 model year Toyota Avalon and Corolla တို့ ပါဝင်မှာဖြစ်ပါတယ်။

No comments yet! You be the first to comment.

Your email address will not be published. Required fields are marked *